Samsung ဟာ အခုအချိန်မှာ ပြီးခဲ့တဲ့ Galaxy S10 Series နောက်ပိုင်း Flagship ဖုန်းတွေအကုန်လုံးနီးပါးအတွက် Android 11 Update ကို ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် High End စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy Note 10 Lite ဖုန်းအတွက် Android 11 Update ရရှိလာပြီလို့ သိရပါတယ်။

Galaxy Note 10 Lite အတွက် Android 11 ကို အခြေခံထားတဲ့ OneUI 3.0 Update ဟာ France Region အတွက် အရင်ဆုံးရရှိလာတာဖြစ်ပြီး Firmware Number N770FXXU7DUA8 အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ Android 11 Update အပြင် January 2021 Security Patch လည်းပါဝင်မှာဖြစ်ပြီး တခြားသော Region တွေအတွက် မကြာခင်မှာ ရရှိသွားမယ်လို့ သိရပါတယ်။

Samsung ရဲ့ OneUI 3.0 Update ဟာ UI Design ပိုင်းပြောင်းလဲမှုတွေအများအပြားရှိသလို Quick Settings ၊ Media Playback နဲ့ Camera Feature အသစ်တွေပါ ပါဝင်မယ်လို့ သိရပါတယ်။ Galaxy Note 10 Lite စမတ်ဖုန်းဟာ Samsung ကိုယ်တိုင်က Android OS Update ၃ ခုအထိ ရရှိမယ်လို့ ကတိပေးထားတဲ့ဖုန်းတွေထဲမှာ ပါဝင်တဲ့အတွက် Android 12 နဲ့ Android 13 ကိုပါ Update ရရှိဦးမှာဖြစ်ပါတယ်။

Galaxy Note 10 Lite စမတ်ဖုန်းဟာ 6.7″ Full HD+ Display ၊ Exynos 9810 Chipset ၊ 12MP Triple Camera Setup ၊ 32MP Selfie Camera အပြင် 25W Fast Charging Support ပါဝင်တဲ့ 4500mAh Battery ပါဝင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ Galaxy Note 10 Series ဖုန်းဖြစ်တဲ့အတွက် S Pen ပါဝင်မှာဖြစ်ပေမယ့် Wireless Charging လိုမျိုး Feature တွေတော့ ပါဝင်မှာမဟုတ်ပါဘူး။

Ref – Gizmo China