Samsung ဟာ Android 12 အခြေပြု One UI 4 ကို စမတ်ဖုန်းများစွာအတွက် ဖြန့်ချိပေးထားပါတယ်။ လအနည်းငယ်ကြာပြီးနောက်မှာ S22 Series နဲ့ မိတ်ဆက်ခဲ့တဲ့ One UI 4.1 ကို ဖြန့်ချိပေးဖို့ အချိန်ကျရောက်လာပါပြီ။ Samsung ဟာ နောက်ဆုံးထုတ် Software Version ကို Device အဟောင်းတွေအတွက် ဖြန့်ချိပေးနေပြီး အခုတော့ အဲဒီစာရင်းထဲမှာ နောက်ထပ် ဖုန်း ၂ လုံး ပါလာပါပြီ။

One UI 4.1 update goes live for the Galaxy S20 FE 5G, A42, A90, and M52

အဲဒီ ဖုန်းတွေက Galaxy S20 FE 5G နဲ့ မူလ Galaxy Fold တို့ ဖြစ်ပါတယ်။ S20 FE 5G ဟာ ပိုလန်မှာ One UI 4.1 Update ရနေပြီ ဖြစ်ပြီး မကြာခင် တခြား ဥရောပ နိုင်ငံတွေကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ Firmware Version အသစ်က G781BXXU4FVC2 ဖြစ်ပြီး လုံခြုံရေး ဟာကွက် ၅၀ ကျော်ကို ပြုပြင်ထားတဲ့ March 2022 Security Patch ထည့်သွင်းထားတဲ့အတွက် ရတာနဲ့ ချက်ချင်း တင်သင့်ပါတယ်။

The Galaxy S20 FE 5G and the original Galaxy Fold both receive the same UI 4.1 update -

၂၀၁၉ ခုနှစ်ထုတ်  မူလ Galaxy Fold အတွက်လည်း One UI 4.1 Update ကို ဖြန့်ချိပေးလိုက်ပြီး ပြင်သစ်က 4G မော်ဒယ်နဲ့ ဗြိတိန်က 5G မော်ဒယ်တွေမှာ အင်စတော လုပ်နိုင်ပါပြီ။ Build Number အသစ်က F90xxXXU6HVC6 ဖြစ်ပြီး “xx” ဟာ မော်ဒယ်အလိုက် ကွဲပြားမှာပါ။ လာမယ့် ရက်ပိုင်း သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်အတွင်း တခြား ဥရောပနိုင်ငံတွေမှာ ရကြမယ်လို့ ထင်ပါတယ်။

အထက်ဖော်ပြပါ နိုင်ငံတွေမှာ S20 FE 5G, Fold 4G နဲ့ Fold 5G ကိုင်ထားသူတွေဟာ Update ရရင် Notification နဲ့ အသိပေးမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်  Settings> Software Update ထဲသွားကာ Update ရပြီလားဆိုတာ စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena