OnePlus ဟာ လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ OnePlus 10 Pro ဖုန်းကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ လောလောဆယ်အထိတော့ သတင်းမထွက်သေးပေမယ့် အဆိုပါ OnePlus 10 Pro ဖုန်းအပြင် OnePlus 10 ဖုန်းကိုလည်း တစ်ပါတည်းမိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

ဒီလိုမျိုး မိတ်ဆက်ဖို့အချိန်နီးကပ်လာတာနဲ့အတူ OnePlus 10 Series ဖုန်းတွေအတွက် Teaser တွေနဲ့ သတင်းတွေကလည်း ပိုပြီးထွက်ရှိလာပြီဖြစ်ပါတယ်။ အခုလည်း OnePlus ရဲ့ Co-founder ဖြစ်တဲ့ Pete Lau ကနေ OnePlus 10 Series ဖုန်းတွေမှာပါဝင်လာမယ့် Software နည်းပညာအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါကတော့ OnePlus 10 Series ဖုန်းတွေမှာ HyperBoost ဆိုပြီး နာမည်ပေးထားတဲ့ GPU နည်းပညာအသစ်ပါဝင်လာမှာဖြစ်ပြီး Gaming Performance ပိုင်းကို သိသိသာသာပိုကောင်းမွန်စေမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီ Feature ဟာ OnePlus 10 Series ဖုန်းတွေမှာမှ ColorOS 12.1 ကို အသုံးပြုထားတဲ့ ဖုန်းတွေပဲ ရရှိနိုင်မယ်လို့ သိရပါတယ်။

HyperBoost Feature ဟာ Chip-level Optimization အထိ ဆောင်ရွက်ထားနိုင်တဲ့ AI Algorithm နည်းပညာတစ်ခုဖြစ်ပြီး Pete Lau ရဲ့ ပြောကြားချက်အရတော့ ၂ နှစ်ခန့် အချိန်ယူပြီး ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဒါက အသုံးပြုတာအချိန်ကြာလာတာနဲ့အမျှ GPU စွမ်းဆောင်ရည် ကျဆင်းသွားခြင်းမရှိအောင်လည်း အထူးပြုလုပ်ထားတာဖြစ်ပါတယ်။

Pete Lau အနေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ရှင်းပြသွားခြင်းမရှိတာကြောင့် လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့ တရားဝင်မိတ်ဆက်တဲ့အချိန်ကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena