OnePlus ဟာ ယခုနှစ်အတွက် OnePlus 10 Series ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်သလို အခုလည်းနောက်ထပ် OnePlus 10R နာမည်နဲ့ ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ OnePlus 10R ဖုန်းရဲ့ အသေးစိတ် အချက်အလက်တွေက ထွက်ပေါ်လာခဲ့ပါပြီ။

အခုထွက်ပေါ်လာတဲ့သတင်းတွေအရ OnePlus 10R ဖုန်းဟာ MediaTek Dimensity 8100 Chipset ကို အသုံးပြုထားပြီးတော့ RAM 8GB + 128GB Version နဲ့ RAM 12GB + 256GB Version ဆိုပြီး ၂ မျိုးထွက်ရှိလာမယ်လို့ သိရပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 12 ကို အခြေခံထားတဲ့ OxygenOS 12 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ 6.7″ Full HD+ Samsung E4 AMOLED Display ကို အသုံးပြုထားပြီး 120Hz Refresh Rate ၊ HDR10+ တွေကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Selfie Camera အတွက် 16MP Sensor ကိုမှ Punch Hole အနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ကို အသုံးပြုထားပြီး 50MP Primary Sensor ကိုမှ 8MP Ultrawide Sensor ၊ 2MP Macro Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာလည်း 4500mAh Battery ကိုမှ 150W Fast Charging ပါဝင်တဲ့ Version နဲ့ 5000mAh Battery ပါဝင်ပြီး 80W Fast Charging ပါဝင်တဲ့ Version ဆိုပြီး ၂ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။

OnePlus 10R စမတ်ဖုန်းဟာ realme GT Neo 3 နဲ့ ဆင်တူပြီးတော့ တခြားသော OnePlus ဖုန်းတွေနဲ့ မတူညီတဲ့အချက်က 3.5mm Audio Jack နဲ့ Alert Slider ပါဝင်တော့မှာမဟုတ်ပါဘူး။ ကျန်တဲ့ Gorilla Glass ၊ NFC ၊ Hi-Res Audio Support ၊ Dolby Atmos ပါဝင်တဲ့ Stereo Speaker Setup တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena