OnePlus က Marvel နဲ့ ပူးပေါင်းပြီး စူပါဟီးရိုး Themed စမတ်ဖုန်း အသစ် ၁ လုံးကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို OnePlus 10T Marvel Edition လို့အမည်ပေးထားမှာ ဖြစ်ပြီး OnePlus India က အဲဒီ အထူးထုတ် OnePlus 10T နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဒီဇင်ဘာလ ၁၇ ရက်နဲ့ ၁၉ ရက်အတွင်း Red Cable Club ကနေ ကြေညာမယ်လို့ ပြောပါတယ်။ ဒါပေမယ့် Shop Disney India က အဲဒီ စမတ်ဖုန်းကို အွန်လိုင်း စတိုးမှာ တင်ထားပြီး အသေးစိတ် သတင်းအချက်အလက်တွေကို သိလာရပါတယ်။

OnePlus 10T Marvel Edition Box

OnePlus 10T Marvel Edition Box ထဲမှာ အောက်ပါ အရာတွေ ပါလာမှာပါ။

  • OnePlus 10T Retail Box
  • Captain America Pop-Socket
  • Black Panther Stand
  • Iron Man Case

The OnePlus 10T Marvel Edition will be available in India between December 17 and 19

ဘူးထဲမှာ OnePlus 10T 16/256GB Version ထည့်သွင်းထားပြီး Moonstone Black အရောင်ဖြစ်ကာ Screen Protector ကပ်ထားပါတယ်။ ရိုးရိုးမော်ဒယ်တွေက ဘူးထဲမှာ ပါတဲ့ 160W SuperVOOC Charger , USB Type-C Cable , Protective Case နဲ့ SIM Tray Ejector ပါပါတယ်။

OnePlus 10T Marvel Edition ကို Shop Disney India မှာ ၆၈၀ ဒေါ်လာ သတ်မှတ်ထားပြီး ရိုးရိုး မော်ဒယ်နဲ့ ဈေးနှုန်း တူညီပါတယ်။

အဲဒီ အထူးထုတ် ဖုန်းကို အကန့်အသတ်နဲ့ Red Cable Club အဖွဲ့ဝင်တွေကိုပဲ ရောင်းချမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ကုမ္ပဏီဟာ တခြား Channel တွေကနေ မကြေညာဘဲ Club မှာပဲ ကြေညာမှာပါ။ အဲဒီ ဖုန်းကို အိန္ဒိယ ပြင်ပမှာ မရောင်းချနိုင်ပါဘူး။

Ref : gizmochina