OnePlus ဟာ ဒီနှစ်ကုန်ပိုင်းမှာ နောက်ထပ် Flagship ဖုန်း တစ်လုံးကို ထပ်ပြီးမိတ်ဆက်ပေးလာဦးမယ်လို့ မျှော်လင့်ရပါတယ်။ Flagship အသစ်ရဲ့ နာမည်ကတော့ အားလုံးသိနေကြတဲ့အတိုင်း OnePlus 10T ဖြစ်ဖို့ များပါတယ်။ ဒါဟာ Pro လည်း မဟုတ်သလို Ultra လည်း မဟုတ်ပါဘူး။

OnePlus 10T ဟာ Vanilla flagship ဆိုပေမဲ့ စွမ်းအင်ပြည့်ဝတဲ့ Chipset ဖြစ်တဲ့ Snapdragon 8+ Gen1 ကို အသုံးပြုထားတယ်လို့တော့ ပြောနိုင်ပါတယ်။ ဒီအချက်အလက်တွေကို ယုံကြည်စိတ်ချရတဲ့ Leakster တစ်ဦးဖြစ်တဲ့ Digital Chat station ကယူဆောင်လာတာဖြစ်ပြီး OnePlus 10 T နဲ့ပတ်သက်တဲ့ အခြားအချက်အလက်အချို့ကိုလည်း သိရှိနိုင်ပါပြီ။

OnePlus 10T ဟာ 6.67-inch OLED မျက်နှာပြင်နဲ့ဖြစ်ပြီး 120Hz refresh rate နဲ့ 1080p resolution ကိုလည်း ထောက်ပံ့ထားမယ်လို့ Digital Chat Station က ဆိုပါတယ်။ ဒါဟာ OnePlus 10R/Ace နဲ့ တူညီနေတာဖြစ်ပါတယ်။ Fingerprint scanner ကိုလည်း Panel အောက်မှာပဲ ထားရှိမယ်လို့ သိရပါတယ်။

မျက်နှာပြင်အပေါ်ဘက်အလယ်တည့်တည့်မှာတော့ Punch-hole တစ်ခုနဲ့အတူ 16MP selfie ကင်မရာတစ်လုံးတပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ ကျောဘက်မှာ တော့ f/1.8 aperture နဲ့ 1/1.5” sensor နဲ့ 50MP အဓိကကင်မရာ အပါအဝင် 8MP ultrawide ကင်မရာနဲ့ 2MP depth sensor တို့ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

အခြားအချက်အလက်တွေအဖြစ် 150W + 4,800mAh ဘက်ထရီကို ထောက်ပံ့ပေးထားမယ်လို့ဆိုထားပြီး 160W charger နဲ့ ရောင်းချမှာဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။ NFC နဲ့ Stereo speakers တွေလည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

Ref: GSM Arena