OnePlus ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရုတ်နိုင်ငံအတွင်းမှာ OnePlus 11 ဖုန်းကို တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ OnePlus 11 ဖုန်းဟာ Global စျေးကွက်အတွက် လာမယ့်ဖေဖော်ဝါရီလ ၇ ရက်နေ့မှ အိန္ဒိယနိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

မကြာသေးခင်တုန်းက တရုတ်နိုင်ငံတွင်း Tech Content Creator တစ်ဦးဖြစ်တဲ့ Xiaobai’s Tech Reviews ကနေ OnePlus 11 ဖုန်းကို Review ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ Review အရ OnePlus 11 ဖုန်းဟာ Battery ပိုင်းမှာ ကြီးမားတဲ့အားနည်းချက်တစ်ခုရှိနေတယ်လို့ သိရပါတယ်။

ဒါကတော့ OnePlus 11 ဖုန်းဟာ အသုံးပြုတဲ့အချိန်မှာ On-Screen Time အနေနဲ့ ၅ နာရီ ၃၃ မိနစ်ပဲ ရရှိတာကြောင့်ဖြစ်ပါတယ်။ အခုရလဒ်ဟာ OnePlus 11 ဖုန်းကို လက်ရှိထွက်ထားပြီးသမျှ Snapdragon 8 Gen 2 Flagship ဖုန်းတွေထဲမှာ Battery Life အဆိုးရွားဆုံးဖုန်းအဖြစ် သတ်မှတ်နိုင်ပါတယ်။


တစ်ဖက်မှာတော့ တခြားသော Snapdragon 8 Gen 2 ဖုန်းတွေဖြစ်တဲ့ Xiaomi 13 ဟာ 4500mAh Battery ပဲပါဝင်ပေမယ့် ၆ နာရီ ၁၇ မိနစ်အသုံးပြုနိုင်သလို 5000mAh Battery ပါဝင်တဲ့ Redmi K60 Pro ကလည်း ၆ နာရီ ၄၄ မိနစ်အထိ အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ OnePlus 11 ဟာ 5000mAh Battery ပါဝင်ပေမယ့် အခုလိုမျိုးရလဒ်ပဲရရှိတာကြောင့် တော်တော်လေးကို ဆိုးရွားနေတာဖြစ်ပါတယ်။

Xiaobai’s Tech Reviews ရဲ့ ယခုစမ်းသပ်ချက်ဟာ နေ့စဥ်အသုံးပြုမှုတွေဖြစ်တဲ့ Social Media ၊​ Video နဲ့ Music Streaming ၊​ Video Recording တွေအပြင် Heavy Gaming ပိုင်းအနေနဲ့ Genshin Impact ၊ Honor of Kings နဲ့ Game For Peace (PUBG) တွေကို ဆက်တိုက်အသုံးပြုပြီး စမ်းသပ်ထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus ဟာ Global စျေးကွက်အတွက် မမိတ်ဆက်ခင်မှာ အခုလို Battery ပိုစားနေတဲ့ပြဿနာကို Software Update နဲ့ ဖြေရှင်းနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China