OnePlus ဟာ တရုတ်မှာ OnePlus 11 ကို ကြေညာဖို့ ပြင်ဆင်နေပြီး မကြာခင်က တရုတ် အာဏာပိုင် အဖွဲ့အစည်း TENAA မှာ မှတ်ပုံတင်ထားပါတယ်။ အဲဒီ ဖုန်းရဲ့ Specs တွေလည်း ပေါက်ကြားနေပြီး အခုတော့ TENAA ကနေ ဓါတ်ပုံတွေ ထွက်လာပါတယ်။

OnePlus 11 live images

ကုမ္ပဏီက OnePlus 11 ရဲ့ ဒီဇိုင်းကို Teaser များစွာနဲ့ ပြသထားပြီးပြီ ဖြစ်တဲ့အတွက် ဒီဇိုင်းကို သိထားပြီးပါပြီ။ ဒါပေမယ့် ဖုန်းရဲ့ အနောက်ဘက် Panel ကိုပဲ မြင်တွေ့ခဲ့ရသေးတာပါ။ အခုတော့ ဖုန်း ဒီဇိုင်းကို ဘက်ပေါင်းစုံကနေ တွေ့လာရပါပြီ။

အနောက်ဘက် ကင်မရာ Island က စက်ဝိုင်း ပုံသဏ္ဍာန် ဖြစ်ပြီး ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံး ပါပါတယ်။ Island ရဲ့ အလယ်မှာ Hasselblad Logo ရေးထွင်းထားပြီး ညာဘက်ခြမ်းမှာ ပါဝါ ခလုတ်နဲ့အတူ Alert Slider တပ်ဆင်ထားပါတယ်။ အသံခလုတ်တွေကို ညာဘက်ထောင့်စွန်းမှာ ထည့်သွင်းထားပြီး မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်။

OnePlus 11 and OnePlus Buds Pro 2 officially confirmed for February 7 launch event - NotebookCheck.net News

TENAA က ဒေတာတွေအရ  OnePlus 11 မှာ ၆.၇ လက်မ AMOLED QHD+ မျက်နှာပြင်၊ 120Hz Refresh Rate နဲ့ လက်ဗွေရာ ကိရိယာပါလာမှာ ဖြစ်ပြီး အရွယ်အစား အပြည့်အစုံက 163.1 × 74.1 × 8.53mm နဲ့ အလေးချိန်က ၂၀၅ ဂရမ် ဖြစ်ပါတယ်။

Snapdragon 8 Gen 2 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB RAM နဲ့ 512GB Storage ပါလာမှာပါ။ 100W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီနဲ့ Android 13 မောင်းနှင်ထားမှာ ဖြစ်ပြီး 50MP Sony IMX890 Main , 48MP Ultra Wide Angle , 32MP Telephoto ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားမှာပါ။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

Ref : gizmochina