OnePlus 11 ကို ၂၀၂၃ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း ကြေညာမယ်လို့ ထင်ရပြီး အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ @OnLeaks နဲ့ GadgetGang မှ အဖွဲ့က စွမ်းဆောင်ရည်မြင့် OnePlus 11 ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။

OnePlus 11 official renders

အခု မျှဝေလိုက်တဲ့ ဓါတ်ပုံအသစ်တွေဟာ အရင်က ပေါက်ကြားခဲ့ဖူးတဲ့ ဓါတ်ပုံတွေနဲ့ တူညီနေပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားတဲ့ အရွယ်ကြီး စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားပါတယ်။ အနောက်ဘက်ဟာ ကွေးညွှတ်ပြီး Alert Slider ပြန်ပါလာပါတယ်။

Leaked Renders Reveal Design Of OnePlus 11 Pro Ahead Of Launch

ပေါက်ကြားသတင်းတွေအရ OnePlus 11 အတွက် Volcanic Black နဲ့ Forest Emerald ၂ ရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး ၆.၇ လက်မ AMOLED QHD+ မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ Qualcomm ရဲ့ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB RAM အထိ ရွေးချယ်နိုင်မှာပါ။

အနောက်ကင်မရာတွေက 50MP Sony IMX890 Main , 48MP IMX581 Ultrawide နဲ့ 32MP IMX709 Telephoto (2x Optical Zoom) တွေ ဖြစ်မှာပါ။ 100W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။

OnePlus ဟာ ဒီတစ်ကြိမ်မှာ Pro မော်ဒယ်ကို မရောင်းချနိုင်ဘူးလို့ သတင်းထွက်နေပါတယ်။

Ref : gsmarena