လက်ရှိအချိန်မှာ Xiaomi ကနေ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားတဲ့ Xiaomi 13 Series Flagship Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ မကြာခင်မှာလည်း OnePlus ကနေ နောက်ထပ် Snapdragon 8 Gen 2 Chipset ပါဝင်တဲ့ OnePlus 11 Series Flagship ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

အခုလည်း OnePlus 11 Series ဖုန်းတွေရဲ့ Teaser Video တစ်ခုက Chinese Microblogging Platform တစ်ခုဖြစ်တဲ့ Weibo မှာ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ Teaser Video မှာ အဓိကအနေနဲ့ OnePlus 11 ဖုန်းတွေရဲ့ Camera Design ကို အဓိကဖော်ပြထားတာဖြစ်ပါတယ်။

OnePlus 11 ဖုန်းဟာ ယခင်တုန်းကလိုမျိုးပဲ Circular Camera Design ကို အသုံးပြုထားမှာဖြစ်ပြီး Triple Camera Setup အမျိုးအစားဖြစ်တာကိုတွေ့ရပါတယ်။ Camera Sensor တွေရဲ့ အလယ်မှာ Hasselblad Logo ကို ထည့်သွင်းထားတာကြောင့် OnePlus 11 Series မှာလည်း Hasselblad နဲ့ ဆက်လက်ပူးပေါင်းလာဦးမှာဖြစ်ပါတယ်။

ကျန်တဲ့အပိုင်းတွေအနေနဲ့ကတော့ အတိအကျမသိရှိရသေးဘဲ Black Color အပြင် Front Selfie Camera ကို Single Punch-hole Design ပြုလုပ်ထားမှာဖြစ်ပါတယ်။ Performance ပိုင်းမှာ Qualcomm Snapdragon 8 Gen 2 Chipset အပြင် အမြင့်ဆုံး 16GB LPDDR5 RAM နဲ့ 256GB UFS 4.0 Storage တွေပါဝင်မယ်လို့ သိရပါတယ်။ Display အနေနဲ့ကတော့ 6.7″ QHD+ Resolution ရှိတဲ့ AMOLED Display ကိုမှ 120Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

OnePlus 11 ဖုန်းဟာ 100W Fast Charging ထောက်ပံ့တဲ့ 5000mAh Battery ပါဝင်လာမှာဖြစ်ပြီး Android 13 OS ကိုပါ တပါတည်းအသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကြောင့် Android Flagship ဖုန်းတွေထဲမှာ OnePlus 11 ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China