OnePlus 11 ကို မကြာခင်က ကြေညာခဲ့ပြီး စွမ်းရည်မြင့် Processor ၊ အလွန်ကောင်းတဲ့ မျက်နှာပြင်နဲ့ အဆင့်မြင့် ကင်မရာတွေ တပ်ဆင်ထားပါတယ်။ အဲဒီ စမတ်ဖုန်းကို တရုတ်မှာ ကြိုတင်မှာယူတဲ့ အရေအတွက် အလွန်များပြားခဲ့ပြီး အခုတော့ ပထမဆုံးရောင်းချတဲ့ နေ့မှာလည်း ရောင်းအားအလွန် ကောင်းခဲ့ပါတယ်။

OnePlus က ၅၁ မိနစ်အတွင်း ရောင်းအားဟာ တခြား Snapdragon 8 Gen 2 ဖုန်းတွေရဲ့ ပထမဆုံးနေ့ရောင်းအားထက် များပြားခဲ့တယ်လို့ တရုတ်လူမှုကွန်ရက် ဝီဘိုမှာ ကြေညာလိုက်ပါတနယ်။ အဲဒီ ပြိုင်ဖက် တခြား စမတ်ဖုန်းတွေထဲမှာ မကြာခင်က ရောင်းချခဲ့တဲ့ Xiaomi 13, vivo X90 Pro Plus, Moto X40, iQOO 11 နဲ့ Nubia Z50 တို့ ပါဝင်ပါတယ်။

OnePlus 11 ကို တရုတ်မှာ Jingdong နဲ့ Tmall တို့ကနေ ဝယ်ယူနိုင်ပါတယ်။ 12 GB RAM + 256 GB Storage, 16 GB RAM + 256 GB Storage နဲ့ 16 GB RAM + 256 GB Storage စတဲ့ မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်က ၃,၉၉၉ ယွမ် ( ၅၈၀ ဒေါ်လာ) ရှိပါတယ်။

ကုမ္ပဏီက OnePlus 11 Pro မော်ဒယ် မထွက်တော့ဘူးလို့ အတည်ပြုထားပြီးပါပြီ။

Now it's official. OnePlus announced the new top of the range, the OnePlus 11

OnePlus 11 ရဲ့ Specs တွေကို ပြန်လည်ဖော်ပြရရင် ၆.၇ လက်မ AMOLED LTPO 3.0 မျက်နှာပြင် တပ်ဆင်ထားပြီး Quad HD+ Resolution ရှိပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး Dolby Vision ပါပါတယ်။ Snapdragon 8 Gen 2 Chipset နဲ့အတူ LPDDR5x RAM နဲ့ UFS 4.0 Storage ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 50MP Main (OIS), 48MP Ultrawide နဲ့ 32MP Telephoto ကင်မရာ ၃ လုံးတပ်ဆင်ထားပြီး 100W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။

Ref : gizmochina