OnePlus ဟာ လာမယ့်နှစ်အစောပိုင်းမှာ Flagship စမတ်ဖုန်းအသစ်ဖြစ်တဲ့ OnePlus 11 Pro ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ OnLeaks ကနေ OnePlus 11 Pro ဖုန်းရဲ့ Design Render ဓါတ်ပုံတွေကို ဖော်ပြခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ အဆိုပါ OnePlus 11 Pro ဖုန်းမှာ ပါဝင်လာမယ့် Specification တွေက ထပ်မံပေါက်ကြားလာခဲ့ပါပြီ။ အခုသတင်းတွေအရတော့ Qualcomm Snapdragon 8 Gen 2 Chipset ကို အဓိကအသုံးပြုလာမှာဖြစ်ပါတယ်။ RAM အနေနဲ့လည်း အမြင့်ဆုံး 16GB အထိ ရရှိနိုင်မှာဖြစ်ပြီး Storage အနေနဲ့လည်း 256GB အထိ ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

Display ပိုင်းမှာတော့ 6.7″ QHD+ 120Hz AMOLED Display ကို အသုံးပြုထားမှာဖြစ်ပြီး 16MP Selfie Camera ကို Punch-hole Design အနေနဲ့ အသုံးပြုထားပါတယ်။ Camera အနေနဲ့ကတော့ 50MP Primary Sensor ကိုမှ 48MP Ultrawide နဲ့ 32MP Telephoto Sensor တွေပါဝင်တဲ့ Triple Camera Setup ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ Back Camera Setup ပိုင်းမှာ Hasselblad နဲ့လည်း ပူးပေါင်းမှုတွေပြုလုပ်ထားမယ်လို့ သိရပါတယ်။

Battery ပိုင်းမှာတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 100W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Software အနေနဲ့ကတော့ Android 13 ကို အခြေခံထားတဲ့ OxygenOS 13 နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။

Ref – GSM Arena