OnePlus 11 ဖုန်းဟာ မကြာခင်မှာ တရုတ်နိုင်ငံအတွင်း တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး မိတ်ဆက်ဖို့အချိန်နီးကပ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံရဲ့ Social Media Platform တစ်ခုဖြစ်တဲ့ Weibo စာမျက်နှာမှာ OnePlus 11 ဖုန်းရဲ့ ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ OnePlus 11 ရဲ့ ဓါတ်ပုံတွေဟာ တစ်ဦးတည်းကနေ Weibo စာမျက်နှာမှာ တင်ထားခဲ့တာမဟုတ်ဘဲ အသုံးပြုသူအများအပြားက တင်ထားတာဖြစ်ပြီး ဓါတ်ပုံတွေအရ အရောင်းဆိုင်တွေမှာ ကြိုတင်ပြသထားပြီလို့ ယူဆရပါတယ်။

OnePlus 11 ဖုန်းဟာ 6.7″ AMOLED Curved Display ကိုအသုံးပြုထားပြီးတော့ Selfie Camera အတွက် Display အပေါ်ဘက် ဘယ်ဘက်ထောင့်မှာ Punch-hole Design ထည့်သွင်းပေးထားပါတယ်။ နောက်ဘက်မှာတော့ Glossy Glass Back Panel ကိုအသုံးပြုထားပြီး Hasselblad Branding ပါဝင်တဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပါတယ်။

ကျန်တဲ့အပိုင်းတွေမှာတော့ ထူးခြားချက်ကြီးကြီးမားမားမရှိဘဲ Stereo Speaker Setup အတွက် Speaker ပေါက်တွေ၊ USB-C Port နဲ့ Microphone Port တွေပါဝင်တာကိုတွေ့ရပါတယ်။ ဒီဇိုင်းပိုင်းအရတော့ ယခင် OnePlus Flagship ဖုန်းတွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် Camera Design ကလွဲပြီး ကြီးမားတဲ့ပြောင်းလဲမှုမျိုးရှိမှာမဟုတ်ပါဘူး။

အတွင်းပိုင်းမှာတော့ OnePlus 11 ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset ကို အမြင့်ဆုံး LPDDR5X RAM 16GB နဲ့ UFS 4.0 512GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာလည်း 5000mAh Battery ကိုမှ 100W Fast Charging ဖြင့်အားသွင်းနိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China