စွမ်းရည်မြင့် OnePlus 11 နဲ့ Buds Pro 2 ကို နိုင်ငံတကာမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ ကြေညာမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။ အခုတော့ အဲဒီ ပွဲမှာ နောက်ထပ် စမတ်ဖုန်း ၁ လုံးကိုလည်း တွေ့မြင်ရဖို့ ရှိနေသေးတယ်လို့ Amazon က ဖော်ပြထားပါတယ်။ စွမ်းရည်မြင့် OnePlus 11 နဲ့အတူ စွမ်းရည်သင့် OnePlus 11R ကိုပါ ကြေညာမယ်လို့ Amazon App ရဲ့ Notification မှာ ဖော်ပြထားပါတယ်။

OnePlus 11R is also arriving on February 7, Amazon reveals

အဲဒီ မိတ်ဆက်ပွဲကို အိန္ဒိယ နိုင်ငံ နယူးဒါလီမှာ ဒေသစံတော်ချိန် ည ၇ နာရီခွဲမှာ ကျင်းပမှာ ဖြစ်ပြီး OnePlus ရဲ့ စမတ် TV အသစ် ဖြစ်တဲ့ OnePLus TV Q2 Pro နဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ကီးဘုတ်တို့ကိုပါ ကြေညာမှာ ဖြစ်ပါတယ်။

OnePlus 11R production allegedly starts in India, launching in April or May

OnePlus 11R ရဲ့ ဓါတ်ပုံတွေ အရင်က ပေါက်ကြားခဲ့ဖူးပြီး ဖုန်း ဒီဇိုင်း တချို့ကို မြင်ခဲ့ကြဖူးပါတယ်။ ဓါတ်ပုံတွေအရ Notification Slider ကို ပြန်လည် အသက်သွင်းထားတာမြင်ရပါတယ်။

ပေါက်ကြားသတင်းတွေအရ OnePlus 11R မှာ Snapdragon 8+ Gen 1 Chipset , 16GB RAM နဲ့ 512GB Storage ပါလာနိုင်ပြီး မျက်နှာပြင်က ၆.၇ လက်မ AMOLED 120Hz Refresh Rate ဖြစ်နိုင်ပါတယ်။ Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။

OnePlus Nord CE 3 ကို ဖန်တီးနေတာ နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်ပေမယ့် နောက်လာမယ့် ပွဲကျမှ ကြေညာနိုင်ပါတယ်။

Ref : gsmarena