OnePlus 11R ရဲ့ သတင်းအချက်အလက်တွေ စက်တင်ဘာလကတည်းက စတင်ပေါက်ကြားနေပြီး အခုလည်း ဖုန်းရဲ့ ကင်မရာ Island , Alert Slider နဲ့ IR Blaster တို့ကို ရိုက်ထားတဲ့ ဓါတ်ပုံတွေ ထွက်လာပါတယ်။ OnePlus 11R မှာ မျက်နှာပြင်ကွေး တပ်ဆင်ထားမှာဖြစ်ပြီး Alert Slider နဲ့ IR Blaster ပါလာမှာပါ။

OnePlus 11R camera island and alert slider (alleged)

OnePlus 11R မှာ Qualcomm Snapdragon 8+ Gen  1 Chipset မောင်းနှင်ထားမှာဖြစ်ပြီး 120Hz FHD+ မျက်နှာပြင်၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ၊ LPDDR5 RAM ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်မှာ 50MP Main Sony IMX766 , 13MP Ultrawide , 2MP Macro or Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။

OnePlus 11R IR blaster (alleged)

စက်တင်ဘာလက သတင်းအရ OnePlus 11R ရဲ့ မျက်နှာပြင် Resolution ဟာ 1080x2412p ရှိမှာ ဖြစ်ပြီး 8/16GB RAM နဲ့ 128/256GB Storage တွေ ထုတ်လုပ်ထားမှာပါ။ 100W Fast Charging ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက 8MP Ultrawide ကင်မရာ ထည့်သွင်းမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

OnePlus 11R ကို ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် ပြီးခဲ့တဲ့ သတင်းပတ်အတွင်း သတင်းများစွာ ပေါက်ကြားနေတဲ့အတွက် မိတ်ဆက်ပွဲ နီးနေပြီလို့ထင်ရပါတယ်။

Ref : gsmarena