OnePlus 11 ကို တရုတ်မှာ မကြာခင်က ကြေညာခဲ့ပြီး နောက်လ ၇ ရက်နေ့ နိုင်ငံတကာမှာ ချပြမှာပါ။ ကုမ္ပဏီဟာ OnePlus 11R အမည်ရ နောက်ထပ် စွမ်းရည်မြင့် ဖုန်း ၁ လုံးကို ကြေညာဖို့ ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဖုန်းရဲ့ Specs တွေ အရင်က ပေါက်ကြားခဲ့ဖူးပြီး အခုတော့ OnePlus ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ တွေ့လာရပြီဖြစ်သလို ကြေညာမယ့်အချိန်ကိုပါ သိလာရပါပြီ။

OnePlus 11R will launch with a vaguely 10 Pro-esque camera hump and an Alert Slider - NotebookCheck.net News

91Mobiles က OnePlus 11R ကို အိန္ဒိယမှာ စတင် ထုတ်လုပ်နေပြီ ဖြစ်တဲ့အတွက် ဧပြီလ သို့မဟုတ် မေလမှာ ကြေညာမယ်လို့ ပြောပါတယ်။ ကုမ္ပဏီက OnePlus 11 ကို နိုင်ငံတကာမှာ ကြေညာပြီးနောက်မှာ OnePlus 11R မိတ်ဆက်မယ့် အချိန်ကို သိရမှာပါ။

အရင်က ပေါက်ကြားသတင်းတွေအရ OnePlus 11R ရဲ့ မော်ဒယ်နံပါတ်ဟာ CPH2487 ဖြစ်ပြီး Snapdragon 8 Plus Gen 1 Chipset မောင်းနှင်ထားမှာပါ။ အဲဒီ Chipset ကို OPPO Reno 9 Pro Plus, Honor 80 Pro, Honor 80 GT နဲ့ iQOO Neo 7 Racing Edition တို့မှာလည်း ထည့်သွင်းထားတာပါ။

oneplus-11r-design

OnePlus 11R မှာ ၆.၇ လက်မ AMOLED 2772x1240p မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာမှာ ဖြစ်ပြီး 8GB, 12GB, 16GB RAM နဲ့ 512GB Storage အထိ ထုတ်လုပ်ထားမှာပါ။ Android 13 အခြေပြု OxygenOS 13 မောင်းနှင်ထားမှာပါ။

အနောက်ဘက်မှာ 50MP Main, 12MP Ultrawide နဲ့ 2MP ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 100W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာပါ။

Ref : gizmochina