OnePlus ကနေ ပြီးခဲ့တဲ့ ရက်သတ္တပါတ်ပိုင်းတုန်းက OnePlus 12 Flagship ဖုန်းကို တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်ခဲ့သလို Global စျေးကွက်အတွက်လည်း လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရုတ်နိုင်ငံမှာ OnePlus 12 ဖုန်းကို စတင်ရောင်းချခဲ့ပါတယ်။

အခုလိုမျိုး ရောင်းချခဲ့တဲ့အချိန်မှာ OnePlus 12 ဖုန်းဟာ ယခင် OnePlus 11 ထက် စျေးနှုန်းပိုမြင့်မားပေမယ့် ရောင်းအားကောင်းနေတဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် OnePlus ရဲ့ ကြေညာချက်အရ OnePlus 12 ဖုန်းရဲ့ စစခြင်း ၅ မိနစ်အတွင်းရောင်းအားဟာ Xiaomi 14 Pro ဖုန်းရဲ့ စတင်ရောင်းချတဲ့ တစ်နေ့တာရောင်းအားရဲ့ ၆၁ ရာခိုင်နှုန်းအထိရှိခဲ့ပြီး လက်ရှိအချိန်မှာ ဒုတိယရောင်းအားအကောင်းဆုံး Snapdragon 8 Gen 3 Flagship ဖုန်းဖြစ်လာပြီလို့ သိရပါတယ်။

OnePlus ဘက်က အခုလိုမျိုးကြေညာခဲ့ပေမယ့် စုစုပေါင်း OnePlus 12 ဖုန်းတွေရဲ့ ရောင်းအားကို ဖော်ပြထားခြင်းမရှိတာကြောင့် အလုံးရေဘယ်လောက်ထိ ရောင်းချထားပြီးပြီလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

OnePlus 12 ဖုန်းဟာ 6.82″ Curved AMOLED QHD+ Display ကို အသုံးပြုထားပြီး 120Hz Refresh Rate ၊ 4500nits Peak Brightness တွေကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Performance ပိုင်းမှာ Qualcomm Snapdragon 8 Gen 3 Chipset အပြင် အမြင့်ဆုံး 24GB LPDDR5X RAM နဲ့ 1TB UFS 4.0 Storage တွေပါဝင်မှာဖြစ်ပါတယ်။

Camera ပိုင်းမှာလည်း 50MP Main + 48MP Ultrawide + 32MP Telephoto Sensor တွေပါဝင်သလို 16MP Selfie Camera ကိုလည်း တပ်ဆင်ပေးထားပါတယ်။ Battery အနေနဲ့ 5400mAh Battery ကိုမှ 100W Fast Charging အပြင် 50W Wireless Charging ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China