OnePlus က နောက်ထွက်မယ့် OnePlus 12 အတွက် အရောင်တွေကို ကြေညာလိုက်ပြီး အဖြူ၊ အစိမ်းနဲ့ အနက်ရောင်တွေ ထွက်လာမှာ ဖြစ်ပါတယ်။ အဲဒီ အရောင်‌တွေဟာ တရုတ်အတွက်ပဲ ဖြစ်နိုင်ပြီး နိုင်ငံတကာအတွက် အဲဒီ အရောင်တွေ ထွက်လာမလားဆိုတာ မသိရသေးပါဘူး။

OnePlus က တရုတ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့ OnePlus 12 ကို ကြေညာမယ်လို့ အတည်ပြုထားပြီး နိုင်ငံတကာအတွက် နောက်နှစ် ဇန်နဝါရီလမှာ ကြေညာနိုင်ပါတယ်။ Xiaomi 14 Series နဲ့ iQOO 12 Series တို့လိုပဲ OnePlus 12 မှာ Snapdragon 8 Gen 3 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

OnePlus က အနောက်ကင်မရာထဲမှာ LYT-T808 Main Sensor နဲ့ HyperTone ကင်မရာ Optimization ကို အသုံးပြုထားမယ်လို့ အတည်ပြုထားပါတယ်။ Main ကင်မရာ နဲ့အတူ 48MP Ultra-wide ၊ 64MP OminiVision OV64B Periscope Telephoto ကင်မရာ (3x Optical Zoom) ထည့်သွင်းထားမှာပါ။ ဆဲလ်ဖီး ကင်မရာအတွက် 32MP ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

ပေါက်ကြားသတင်းတွေအရ OnePlus 12 မှာ 6.82” OLED 2K မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Android 14 အခြေပြု ColorOS 14 မောင်းနှင်ထားမှာဖြစ်ပြီး 16GB LPDDR5x RAM နဲ့ 1TB UFS 4.0 Storage အထိ ထည့်သွင်းထားမှာပါ။ 100W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,400mAh Battery ပါလာမှာပါ။

Ref : gsmarena