OnePlus 12 ကို မကြာခင်က တရုတ်မှာ ကြေညာခဲ့ပြီး အခုတော့ OnePlus 12R ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းကို ဇန်နဝါရီလမှာ OnePlus 12 နဲ့အတူ နိုင်ငံတကာအတွက် ကြေညာမှာပါ။ အခုတော့ နာမည်ကြီး Tipster Max Jambor က OnePlus 12R ရဲ့ Specs တွေကို ဝေမျှလာပါတယ်။

OnePlus 12R: Specs and launch date leaked - S24

OnePlus 12R မှာ 6.78” LTPO 4.0 OLED မျက်နှာပြင် ပါလာနိုင်ပြီး 1-120Hz Adaptive Refresh Rate နဲ့ Gorilla Glass Victus 2 Protection ထောက်ပံ့ထားမှာပါ။ အရင်နှစ်ထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB LPDDR5X RAM နဲ့ 256GB UFS 4.0 Storage အထိ ထည့်သွင်းထားမှာပါ။

Mid-range like a flagship: OnePlus 12R specs leaked

IMX890 Sensor ကို သုံးထားတဲ့ 50MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ ပါလာမှာ ဖြစ်ပြီး 100W Fast Charging ထောက်ပံ့တဲ့ 5,500mAh Battery တပ်ဆင်ထားမှာပါ။

OnePlus 12R အတွက် Iron Gray နဲ့ Cool Blue အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး တရုတ်မှာ ဇန်နဝါရီလ ၄ ရက်နေ့နဲ့ နိုင်ငံတကာမှာ OnePlus 12 နဲ့အတူ ဇန်နဝါရီလ ၂၃ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena