အားလုံးစောင့်မျှော်နေကြတဲ့ OnePlus 15T ကို တရုတ်မှာ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ အရင်နှစ်က ထွက်ခဲ့တဲ့ OnePlus 13T ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး အမိုက်စား အဆင့်မြှင့်တင်မှုတွေ အများကြီးပါဝင်လာပါတယ်။ အထူးခြားဆုံးကတော့ နောက်ဆုံးပေါ် အစွမ်းထက် Snapdragon 8 Elite Gen 5 ချစ်ပ်ဆက်ကို သုံးထားပြီး ဘက်ထရီသက်တမ်းအတွက် စိတ်ပူစရာမလိုတော့တဲ့ 7,500mAh Si-C ဘက်ထရီအကြီးကြီး တပ်ဆင်ပေးထားတာပါပဲ။ အားသွင်းဖို့အတွက်လည်း 100W ကြိုးတပ်စနစ်နဲ့ 50W ကြိုးမဲ့စနစ်တွေ ပါဝင်တဲ့အပြင် ရေနဲ့ဖုန်ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ IP68/IP69K အဆင့်သတ်မှတ်ချက် ရရှိထားပါတယ်။ ရေအနက် ၁.၅ မီတာ (၄.၉ ပေ)မှာ မိနစ် ၃၀ သုံးနိုင်ပါတယ်။

OnePlus 15T arrives with Snapdragon 8 Elite Gen 5 and 7,500mAh Si-C battery

မျက်နှာပြင်ပိုင်းမှာလည်း ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် အကောင်းဆုံး ခံစားမှုပေးနိုင်မယ့် 6.32 လက်မအရွယ် AMOLED display ကို သုံးထားပြီး 165Hz refresh rate အထိ အထောက်အပံ့ပေးထားပါတယ်။ နေရောင်အောက်မှာတောင် ရှင်းရှင်းလင်းလင်း မြင်ရမယ့် 3,600 nits တောက်ပမှုရှိပြီး 16MP ဆယ်လ်ဖီကင်မရာနဲ့ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ အတွင်းပိုင်းလုပ်ဆောင်ချက်တွေ ပိုမိုမြန်ဆန်သွက်လက်စေဖို့အတွက် LPDDR5X Ultra RAM နဲ့ UFS 4.1 storage တွေကိုပါ ပေါင်းစပ်ပေးထားပါတယ်။

OnePlus 15T arrives with Snapdragon 8 Elite Gen 5 and 7,500mAh Si-C battery

ဓာတ်ပုံဝါသနာရှင်တွေအတွက် ကင်မရာပိုင်းမှာ OIS နည်းပညာပါဝင်တဲ့ 50MP Sony ဆင်ဆာ ပင်မကင်မရာနဲ့ 3.5x optical zoom ဆွဲနိုင်တဲ့ 50MP periscope telephoto ကင်မရာဆိုပြီး နောက်ကျောဘက်မှာ ကင်မရာနှစ်လုံး တပ်ဆင်ထားပါတယ်။ ဗီဒီယိုရိုက်ကူးမှုအတွက် 8K resolution ကို 60fps အထိ ရိုက်ကူးနိုင်သလို Dolby Vision အထောက်အပံ့ပါဝင်တဲ့ 4K 120fps ဗီဒီယိုတွေကိုပါ ရိုက်ကူးနိုင်မှာပါ။ ဆော့ဖ်ဝဲပိုင်းမှာတော့ Android 16 ကို အခြေခံထားတဲ့ ColorOS 16 နဲ့အတူ စမတ်ကျတဲ့ Oppo AI စနစ်တွေ ပါဝင်လာပါတယ်။

အရောင်တွေအနေနဲ့ အဖြူ၊ အညိုနဲ့ အစိမ်းရောင် သုံးမျိုး ရွေးချယ်နိုင်ပြီး တရုတ်မှာ မတ်လ ၂၅ ရက်နေ့ကစတင် ဝယ်ယူနိုင်ပါပြီ။ ဈေးနှုန်းတွေကတော့ 12GB RAM နဲ့ 256GB storage ပါဝင်တဲ့ အခြေခံမော်ဒယ်ကို ၄၂၉၉ ယွမ် (အမေရိကန်ဒေါ်လာ ၆၂၅ ဝန်းကျင်) သတ်မှတ်ထားပြီး အမြင့်ဆုံး 16GB RAM နဲ့ 1TB storage မော်ဒယ်ကိုတော့ ၅၆၉၉ ယွမ် (အမေရိကန်ဒေါ်လာ ၈၂၈ ဝန်းကျင်) ကျသင့်မှာပါ။ နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena