OnePlus ဟာ သူတုိ႔ရဲ႕ စမတ္ဖုန္းအသစ္ OnePlus 6T ကိုလာမယ့္ ေအာက္တုိဘာ ၃၀ ရက္ေန႔၊ နယူးေယာက္ျမိဳ႕မွာ တရားဝင္မိတ္ဆက္သြားမယ္လို႔ ဝက္ဘ္ဆုိက္မွာ ေၾကျငာလိုက္ပါျပီ။ မႏွစ္ကေတာ့ OnePlus 5T ကို ႏုိဝင္ဘာ ၁၆ ရက္မွာ မိတ္ဆက္ခဲ့တာေၾကာင့္ ႏွစ္ပတ္ေက်ာ္ေက်ာ္ေစာျပီး ေၾကျငာမွာျဖစ္ပါတယ္။

တက္ေရာက္ၾကည့္ရႈခြင့္မရတဲ့သူေတြကေတာ့ OnePlus ရဲ႕ Youtube မွာ တျပိဳင္တည္း Live Stream ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။ ဖုန္းအသစ္မိတ္ဆက္ပြဲကို အိႏၵိယမွာလည္း ျပဳလုပ္သြားမွာျဖစ္ျပီး နယူးေဒလီျမိဳ႕မွာ က်င္းပသြားဖုိ႔ ရွိပါတယ္။

အခုခ်ိန္မွာ OnePlus 6T နဲ႔ပတ္သက္တဲ့ အခ်က္အလက္လည္း ေတာ္ေတာ္မ်ားမ်ားသိေနၾကျပီျဖစ္ျပီး Fingerprint ကို In-display ထည့္သြင္းလာမယ့္ ဖုန္းဟာ Snapdragon 845 သုံးစြဲထားကာ Android Pie အေျခခံထားတဲ့ OxygenOS နဲ႔ျဖစ္ပါတယ္။ ဘကၳရီအားက 3700 mAh ျဖစ္ျပီး တရားဝင္ဓါတ္ပုံေတြ မထြက္ေသးေပမယ့္ OnePlus 6 မွာပါခဲ့တဲ့ Notch ထက္ေတာ့ ေသးငယ္တဲ့ Notch တစ္ခု ပါဖုိ႔ရွိပါတယ္။

Headphone Jack ေပါက္ကိုေတာ့ ခ်န္လွစ္ခဲ့မွာျဖစ္ေပမယ့္ USB-C ကေန 3.5mm ေျပာင္းေပးမယ့္ Adapter တစ္ခုပါမွာ ျဖစ္ပါတယ္။ ၃၀ ရက္ေန႔မွာ သူတုိ႔ရဲ႕ ဖုန္းအသစ္ကို ေၾကျငာျခင္းအားျဖင့္ OnePlus ဟာ ေအာက္တုိဘာကုိ ၂၀၁၈ ရဲ႕ အၾကီးဆုံး Android စမတ္ဖုန္းလအျဖစ္ သတ္မွတ္ႏုိင္ဖို႔ ဝင္ကူညီလုိက္တာပါပဲ။

Ref – Android Authority

Unicode

OnePlus ဟာ သူတို့ရဲ့ စမတ်ဖုန်းအသစ် OnePlus 6T ကိုလာမယ့် အောက်တိုဘာ ၃၀ ရက်နေ့၊ နယူးယောက်မြို့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ဝက်ဘ်ဆိုက်မှာ ကြေငြာလိုက်ပါပြီ။ မနှစ်ကတော့ OnePlus 5T ကို နိုဝင်ဘာ ၁၆ ရက်မှာ မိတ်ဆက်ခဲ့တာကြောင့် နှစ်ပတ်ကျော်ကျော်စောပြီး ကြေငြာမှာဖြစ်ပါတယ်။

တက်ရောက်ကြည့်ရှုခွင့်မရတဲ့သူတွေကတော့ OnePlus ရဲ့ Youtube မှာ တပြိုင်တည်း Live Stream ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းအသစ်မိတ်ဆက်ပွဲကို အိန္ဒိယမှာလည်း ပြုလုပ်သွားမှာဖြစ်ပြီး နယူးဒေလီမြို့မှာ ကျင်းပသွားဖို့ ရှိပါတယ်။

အခုချိန်မှာ OnePlus 6T နဲ့ပတ်သက်တဲ့ အချက်အလက်လည်း တော်တော်များများသိနေကြပြီဖြစ်ပြီး Fingerprint ကို In-display ထည့်သွင်းလာမယ့် ဖုန်းဟာ Snapdragon 845 သုံးစွဲထားကာ Android Pie အခြေခံထားတဲ့ OxygenOS နဲ့ဖြစ်ပါတယ်။ ဘက္ထရီအားက 3700 mAh ဖြစ်ပြီး တရားဝင်ဓါတ်ပုံတွေ မထွက်သေးပေမယ့် OnePlus 6 မှာပါခဲ့တဲ့ Notch ထက်တော့ သေးငယ်တဲ့ Notch တစ်ခု ပါဖို့ရှိပါတယ်။

Headphone Jack ပေါက်ကိုတော့ ချန်လှစ်ခဲ့မှာဖြစ်ပေမယ့် USB-C ကနေ 3.5mm ပြောင်းပေးမယ့် Adapter တစ်ခုပါမှာ ဖြစ်ပါတယ်။ ၃၀ ရက်နေ့မှာ သူတို့ရဲ့ ဖုန်းအသစ်ကို ကြေငြာခြင်းအားဖြင့် OnePlus ဟာ အောက်တိုဘာကို ၂၀၁၈ ရဲ့ အကြီးဆုံး Android စမတ်ဖုန်းလအဖြစ် သတ်မှတ်နိုင်ဖို့ ဝင်ကူညီလိုက်တာပါပဲ။

Ref – Android Authority