OnePlus ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Android Update ပိုင်းကို ရေရှည်ပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ လူသိများနေပြီဖြစ်ပါတယ်။ အခုလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ OnePlus 7 နဲ့ OnePlus 7T ဖုန်းတွေအတွက် Android 12 Update ကို ထုတ်ပေးလိုက်ပါပြီ။

ဒါပေမယ့်လည်း အခုထွက်ရှိလာတဲ့ Android 12 Update ဟာ Stable Update တော့ မဟုတ်သေးဘဲ Beta Update အနေနဲ့ပဲရရှိဦးမှာဖြစ်ပါတယ်။ အစောပိုင်းတုန်းက အခု Android 12 Beta ကို OnePlus 7 Series ဖုန်းတွေအတွက် ခတ္တရပ်ဆိုင်းထားပေမယ့် အခုအချိန်မှာတော့ Oxygen OS 12 Open Beta 1 အနေနဲ့ စတင် Download ပြုလုပ်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် OnePlus 7 Series ဖုန်းတွေဖြစ်တဲ့ OnePlus 7 ၊ OnePlus 7 Pro ၊ OnePlus 7T နဲ့ OnePlus 7T Pro ဖုန်းတွေအကုန်လုံးဟာ ယခု Oxygen OS 12 Open Beta 1 ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ Beta Version ဖြစ်တဲ့အတွက် Error နဲ့ Bug အနည်းငယ်တော့ ရှိနိုင်ပါတယ်။

အခု Android 12 ကို စမ်းသပ်အသုံးပြုဖို့အတွက်ကတော့ Oxygen OS 11.0.7.1 သို့မဟုတ် 11.0.8.1 ကို အသုံးပြုနေဖို့ လိုအပ်ပြီးတော့ 4GB Internal Storage လွတ်နေဖို့လိုအပ်ပါတယ်။ ပြောင်းလဲမှုအသေးစိတ်ကိုတော့ အောက်ပါ Changelog မှာ ကြည့်ရှုနိုင်ပါတယ်။

Ref – GSM Arena