OnePlus ကနေ ဒီနှစ်အတွက် ပထမဆုံး Flagship ဖုန်းတွေဖြစ်လာမယ့် OnePlus 8 Series ဖုန်းတွေကို လာမယ့်လပိုင်းအတွင်းမှာမိတ်ဆက်လာတော့မှာပါ။ အခုလည်း OnePlus 8 5G ဖုန်းရဲ့ အရှေ့ဘက် Design ကို အတည်ပြုနိုင်တဲ့ဓါတ်ပုံတစ်ပုံပေါ်ထွက်လာပါပြီ။

ဒါကတော့ OnePlus 8 5G စမတ်ဖုန်းရဲ့ Start Guide စာအုပ်ဓါတ်ပုံထွက်ပေါ်လာတာဖြစ်ပြီး OnePlus 8 5G ဖုန်းရဲ့ အရှေ့ဘက် Design ကိုပါ ဖော်ပြထားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဆိုပါ Start Guide တွေဟာ စမတ်ဖုန်းရဲ့ဘူးခွံထဲမှာထည့်သွင်းထားတာလည်းဖြစ်ပါတယ်။

အခုဓါတ်ပုံအရ OnePlus 8 5G ဖုန်းဟာ Curved Display ကို အသုံးပြုထားပြီး Display ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole Selfie Camera ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။ Fingerprint Sensor အနေနဲ့ကတော့ Under-display Fingerprint Sensor ကိုပဲ ဆက်လက်အသုံးပြုထားတာဖြစ်ပါတဘ်။

OnePlus 8 5G စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Processor ၊ 6.5″ 120Hz AMOLED Display ၊ Triple Camera Setup နဲ့ 4000mAh Battery တွေပါဝင်မှာဖြစ်သလို OnePlus ကနေ IP53 Water Resistant Feature နဲ့ Wireless Charging ကိုပါ ထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။

Ref – Giz China