OnePlus 8 Series ကို ဧပြီလလယ်မှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး မကြာခင်က OnePlus 8 Pro ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ ထွက်လာခဲ့ပါတယ်။ အခုတော့ OnePlus 8 ရဲ့ အလှည့် ဖြစ်ပြီး ဓါတ်ပုံမှာ ဖုန်း ဒီဇိုင်းကို ရှုထောင့်မျိုးစုံကနေ လေ့လာနိုင်ပါတယ်။

Specs တချို့ဟာ အရင်ပေါက်ကြားထားတာတွေနဲ့ တူညီနေပါတယ်။ OnePlus 8 မှာ ၆.၅၅ လက်မ FullHD+ Fluid AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက လန်းမှာပါ။ Plus မော်ဒယ်မှာတော့ ပိုကောင်းတဲ့ 120Hz ပါလာမှာပါ။ ရိုးရိုး မော်ဒယ်မှာ 48MP Main , 16MP Ultrawide နဲ့ 2MP Macro ကို အနောက်ဘက်နဲ့ 16MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

OnePlus 8 မှာ စွမ်းရည်မြင့် Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပြီး 5G ဆက်သွယ်မှု ပါလာမှာပါ။ 8GB RAM/128GB Storage နဲ့ 12GB RAM/256GB Storage မော်ဒယ်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ 4,300mAh ဘက်ထရီ ထောက်ပံ့ထားမှာ ဖြစ်ပြီး 30W Warp Charge နည်းပညာကြောင့် အားသွင်းနှုန်းက တော်တော်လန်းမှာပါ။

OnePlus ဟာ 8 နဲ့ 8 Plus ကို Lab မှာ စမ်းသပ်ပြီးပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ ကြေညာနိုင်ပါတယ်။ တချို့သတင်းတွေအရ COVID-19 ကြောင့် မိတ်ဆက်ပွဲကို နောက်ကျမယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် OnePlus 8 Lite ကို မိတ်ဆက်တာပဲ နောက်ကျနိုင်ပြီး 8 နဲ့ 8 Plus ကို ဧပြီလထဲမှာ ကြေညာမယ်လို့ ထင်ပါတယ်။

Ref : gsmarena