[Unicode]

OnePlus 7T မိသားစုနောက် ဆက်ခံမယ့် OnePlus 8 နဲ့ OnePlus 8 pro တို့ဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမနှစ်ဝက်မှာ ထွက်လာမယ်လို့ မျှော်လင့်ထားကြတာပါ။ OnePlus 8 နဲ့ OnePlus 8 pro တို့ထက် အဆင့်နိမ့်တဲ့ OnePlus 8 Lite မျိုးကွဲကိုလည်း တစ်ပါတည်းမိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက OnLeaks ကနေ OnePlus 8 Lite ရဲ့ Renders တွေ ထွက်လာခဲ့ပြီးတဲ့နောက် ဇန်နဝါရီလ ပထမပတ်ထဲမှာတော့ ကြိုတင်ထုတ်ထားတဲ့ နမူနာ ပုံတူတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီ Dummy တွေကတစ်ဆင့် သိရတာက OnePlus 8 Lite ဟာ ကျောဘက်ကင်မရာ သုံးလုံးတပ်ဆင်ထားတယ်ဆိုတာပါပဲ။

OnePlus 8 Lite ရဲ့ နမူနာပုံတူကို CEO Pete Lau တို့ရဲ့ Talk Show မှာ တွေ့မြင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အခြားဟန်းဆက်တွေနဲ့အတူရောထည့်ထားတဲ့ OnePlus 8 Lite ဟာ လက်တွေ့အသုံးပြုနိုင်တဲ့ ဟန်းဆက်တစ်ခုအနေနဲ့မဟုတ်ဘဲ နမူနာပုံတူတစ်ခုသာ ဖြစ်တယ်ဆိုတာလည်း သိသာနေပါတယ်။

ပြီးခဲ့တဲ့ CAD renders နဲ့ ပြန်ပြီး ယှဉ်တွဲကြည့်မယ်ဆိုရင် ကျောဘက်ကင်မရာသုံးလုံးကို အထက်အောက် တန်းစီပြီးတပ်ဆင်ထားတဲ့ပုံစံချင်း တူညီတာကို တွေ့ရမှာပါ။ ဘယ်ဘက်ခြမ်းမှာ ပါဝါခလုတ်၊ ထိပ်ဘက်မှာ Port အပါအဝင် အခြားဘာအပေါက်ကိုမှလည်း မတွေ့ရပါဘူး။ ဘာပဲဖြစ်ဖြစ် အခုတွေ့ရတဲ့ Dummy နဲ့ Renders ကတော့ အတော်လေးကို တူညီနေပါတယ်။

Ref: GSM Arena

[Zawgyi]

ေက်ာဘက္ကင္မရာသုံးလုံး တပ္ဆင္ထားေၾကာင္း အတည္ျပဳႏိုင္တဲ့ OnePlus 8 Lite ရဲ႕ Dummy ကိုေတြ႕ျမင္ရ

OnePlus 7T မိသားစုေနာက္ ဆက္ခံမယ့္ OnePlus 8 နဲ႔ OnePlus 8 pro တို႔ဟာ ၂၀၂၀ ျပည့္ႏွစ္ရဲ႕ ပထမႏွစ္ဝက္မွာ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ထားၾကတာပါ။ OnePlus 8 နဲ႔ OnePlus 8 pro တို႔ထက္ အဆင့္နိမ့္တဲ့ OnePlus 8 Lite မ်ိဳးကြဲကိုလည္း တစ္ပါတည္းမိတ္ဆက္လာမယ္လို႔ ယူဆရပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက OnLeaks ကေန OnePlus 8 Lite ရဲ႕ Renders ေတြ ထြက္လာခဲ့ၿပီးတဲ့ေနာက္ ဇန္နဝါရီလ ပထမပတ္ထဲမွာေတာ့ ႀကိဳတင္ထုတ္ထားတဲ့ နမူနာ ပုံတူေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒီ Dummy ေတြကတစ္ဆင့္ သိရတာက OnePlus 8 Lite ဟာ ေက်ာဘက္ကင္မရာ သုံးလုံးတပ္ဆင္ထားတယ္ဆိုတာပါပဲ။

OnePlus 8 Lite ရဲ႕ နမူနာပုံတူကို CEO Pete Lau တို႔ရဲ႕ Talk Show မွာ ေတြ႕ျမင္ခဲ့ရတာပဲ ျဖစ္ပါတယ္။ အျခားဟန္းဆက္ေတြနဲ႔အတူေရာထည့္ထားတဲ့ OnePlus 8 Lite ဟာ လက္ေတြ႕အသုံးျပဳႏိုင္တဲ့ ဟန္းဆက္တစ္ခုအေနနဲ႔မဟုတ္ဘဲ နမူနာပုံတူတစ္ခုသာ ျဖစ္တယ္ဆိုတာလည္း သိသာေနပါတယ္။

ၿပီးခဲ့တဲ့ CAD renders နဲ႔ ျပန္ၿပီး ယွဥ္တြဲၾကည့္မယ္ဆိုရင္ ေက်ာဘက္ကင္မရာသုံးလုံးကို အထက္ေအာက္ တန္းစီၿပီးတပ္ဆင္ထားတဲ့ပုံစံခ်င္း တူညီတာကို ေတြ႕ရမွာပါ။ ဘယ္ဘက္ျခမ္းမွာ ပါဝါခလုတ္၊ ထိပ္ဘက္မွာ Port အပါအဝင္ အျခားဘာအေပါက္ကိုမွလည္း မေတြ႕ရပါဘူး။ ဘာပဲျဖစ္ျဖစ္ အခုေတြ႕ရတဲ့ Dummy နဲ႔ Renders ကေတာ့ အေတာ္ေလးကို တူညီေနပါတယ္။

Ref: GSM Arena