Unicode

OnePlus ကနေ ထုတ်လုပ်နေတဲ့ စမတ်ဖုန်းတွေဟာ Specification တွေအရ Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်တယ်ဆိုပေမယ့် Feature ပိုင်းတွေအရတော့ အနည်းငယ်အားနည်းနေတာဖြစ်ပါတယ်။ အဆိုပါ Feature တွေထဲမှာ Wireless Charging Feature လည်း တစ်ခုအပါအဝင်လို့ ပြောလို့ရပါတယ်။

လက်ရှိအချိန်မှာ Flagship စမတ်ဖုန်းတွေအကုန်လုံးနီးပါးက Wireless Charging အပြင် Reverse Wireless Charging လိုမျိုး Feature တွေပါ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Fast Wired Charging ပါဝင်ပေမယ့် Wireless Charging ပါဝင်ခြင်းမရှိတဲ့အတွက် OnePlus ဖုန်းတွေအတွက် အားနည်းချက်ဖြစ်နေပါတယ်။

အခုအချိန်မှာတော့ OnePlus ကနေ လာမယ့် OnePlus 8 Pro ဖုန်းမှာ Wireless Charging ကို စတင်ထည့်သွင်းပေးလာနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီသတင်းကို Tipster တစ်ဦးဖြစ်တဲ့ Max J. ကနေ လာမယ့် OnePlus Pro စမတ်ဖုန်းမှာ Wireless Charging ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Reference Design ပုံတစ်ပုံကို ဖော်ပြခဲ့တာပါ။

လောလောဆယ်အထိတော့ OnePlus ကနေ Wireless Charging ပါဝင်လာမလားဆိုတာကို တရားဝင်ပြောကြားခြင်းမရှိသေးပေမယ့် OnePlus 8 ဖုန်းတွေမှာ ပါဝင်လာမယ့် QHD+ 120Hz OLED Fluid Display အကြောင်းကိုတော့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ် OnePlus 8 Pro ဖုန်းမှာ QHD+ 120Hz OLED Display အပြင် Wireless Charging Feature ပါ ပါဝင်လာမယ်ဆိုရင် တကယ့် Flagship စမတ်ဖုန်းတွေနဲ့ ပိုပြီး ယှဥ်ပြိုင်လာနိုင်တော့မှာပါ။

Ref – Android Authority

Zawgyi

OnePlus ကေန ထုတ္လုပ္ေနတဲ့ စမတ္ဖုန္းေတြဟာ Specification ေတြအရ Flagship ဖုန္းေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္တယ္ဆိုေပမယ့္ Feature ပိုင္းေတြအရေတာ့ အနည္းငယ္အားနည္းေနတာျဖစ္ပါတယ္။ အဆိုပါ Feature ေတြထဲမွာ Wireless Charging Feature လည္း တစ္ခုအပါအဝင္လို႔ ေျပာလို႔ရပါတယ္။

လက္ရွိအခ်ိန္မွာ Flagship စမတ္ဖုန္းေတြအကုန္လုံးနီးပါးက Wireless Charging အျပင္ Reverse Wireless Charging လိုမ်ိဳး Feature ေတြပါ ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Fast Wired Charging ပါဝင္ေပမယ့္ Wireless Charging ပါဝင္ျခင္းမရွိတဲ့အတြက္ OnePlus ဖုန္းေတြအတြက္ အားနည္းခ်က္ျဖစ္ေနပါတယ္။

အခုအခ်ိန္မွာေတာ့ OnePlus ကေန လာမယ့္ OnePlus 8 Pro ဖုန္းမွာ Wireless Charging ကို စတင္ထည့္သြင္းေပးလာႏိုင္တယ္ဆိုတဲ့ သတင္းေတြထြက္ေပၚလာၿပီျဖစ္ပါတယ္။ ဒီသတင္းကို Tipster တစ္ဦးျဖစ္တဲ့ Max J. ကေန လာမယ့္ OnePlus Pro စမတ္ဖုန္းမွာ Wireless Charging ပါဝင္လာႏိုင္ဖြယ္ရွိတဲ့ Reference Design ပုံတစ္ပုံကို ေဖာ္ျပခဲ့တာပါ။

ေလာေလာဆယ္အထိေတာ့ OnePlus ကေန Wireless Charging ပါဝင္လာမလားဆိုတာကို တရားဝင္ေျပာၾကားျခင္းမရွိေသးေပမယ့္ OnePlus 8 ဖုန္းေတြမွာ ပါဝင္လာမယ့္ QHD+ 120Hz OLED Fluid Display အေၾကာင္းကိုေတာ့ အတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီႏွစ္ OnePlus 8 Pro ဖုန္းမွာ QHD+ 120Hz OLED Display အျပင္ Wireless Charging Feature ပါ ပါဝင္လာမယ္ဆိုရင္ တကယ့္ Flagship စမတ္ဖုန္းေတြနဲ႔ ပိုၿပီး ယွဥ္ၿပိဳင္လာႏိုင္ေတာ့မွာပါ။

Ref – Android Authority