OnLeaks က OnePlus 8 Pro ရဲ့ ဓါတ်ပုံတွေကို မျှဝေခဲ့ဖူးပါတယ်။ အခုလည်း တရားဝင်လို့ ထင်ရတဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်လာပြီး အရင်က ထွက်ခဲ့တဲ့ Specs တွေနဲ့ တူနေပါတယ်။ OnePlus 8 Pro မှာ ၆.၇၈ လက်မ AMOLED မျက်နှာပြင် ပါလာပြီး ဘေးဘက်တွေက ကွေးညွှတ်ပါတယ်။ Punch Hole တပ်ဆင်ထားတဲ့အတွက် 7 Series တွေမှာ စတင် မိတ်ဆက်ခဲ့တဲ့ Pop-up ကင်မရာ တစ်စခန်းသိမ်းသွားပါပြီ။ 120Hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် လျှင်မြန်သွက်လက်ပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

အနောက်ဘက်မှာ 48MP ကင်မရာ ၂ လုံးပါလာမှာ ဖြစ်ပြီး ၁ လုံးက ရိုးရိုးနဲ့ နောက် ၁ လုံးက မြင်ကွင်းကျယ် ဖြစ်ပါတယ်။ 8MP နဲ့ 5MP ကင်မရာ ၂ လုံးနဲ့ အားဖြည့်ထားမှာပါ။ ထူးခြားတာက ကြိုးမဲ့အားသွင်းစနစ်ကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပြီး 30W ဖြစ်ပါတယ်။ ဒါ့အပြင် 3W Reverse Wireless Charging နဲ့ 30W Wired Charging ထည့်သွင်းထားပါတယ်။ ဘက်ထရီ ပမာဏက 4,510mAh ဖြစ်ပါတယ်။

OnePlus 8 Pro မှာ IP68 ရေစိုခံ စံနှုန်းပါလာတာကနောက်ထပ် ထူးခြားချက် ၁ ခု ဖြစ်ပြီး Mint အရောင်အသစ်ပါလာမှာပါ။ Snapdragon 865 Chipset မောင်းနှင်ထားပြီး 5G ဆက်သွယ်မှု ပါလာမှာပါ။ 8/128GB နဲ့ 12/256GB မော်ဒယ် ၂ မျိုးထုတ်လုပ်ထားမှာပါ။ ဧပြီလ ၁၅ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena