ပြီးခဲ့တဲ့လပိုင်းတုန်းက မိတ်ဆက်ထားခဲ့တဲ့ OnePlus 8 Pro ဖုန်းဟာ လောလောဆယ်အထိ Flagship ဖုန်းတွေထဲမှာ အကောင်းဆုံးလို့တောင် ပြောလို့ရသလို ယခင်ထွက်ရှိထားတဲ့ OnePlus ဖုန်းတွေထက်လည်း သိသိသာသာကို တိုးတက်လာတာဖြစ်ပါတယ်။ ဒီလိုမျိုးတိုးတက်လာတဲ့ထဲမှာ Camera ပိုင်းလည်း ပါဝင်ပြီးတော့ အခုဆိုရင် DxOMark ကနေ OnePlus 8 Pro ဖုန်းကို Camera ပိုင်း Review ပြုလုပ်ခဲ့ပါတယ်။

DxOMark ရဲ့ ဖော်ပြချက်အရတော့ OnePlus 8 Pro ဖုန်းဟာ Total Score အနေနဲ့ ၁၁၉ မှတ်ရရှိခဲ့ပြီးတော့ လက်ရှိ Flagship ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S20+ နဲ့ Apple iPhone 11 Pro Max လိုဖုန်းတွေထက်တောင် ပိုကောင်းနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် OnePlus အနေနဲ့ ဒီနှစ်မှာတော့ တကယ်ကို Camera ပိုင်းသေချာ Improve ပြုလုပ်လာတယ်လို့ပြောရမှာပါ။

အသေးစိတ်အနေနဲ့ကတော့ OnePlus 8 Pro ဖုန်းက Photo ပိုင်းမှာ ၁၂၆ မှတ် ၊ Video ပိုင်းမှာ ၁၀၃ မှတ်အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။ DxOMark ကတော့ OnePlus 8 Pro ရဲ့ Color Accuracy နဲ့ Exposure ပိုင်းတွေကို ချီးကျူးခဲ့ပြီး Telephoto Zoom Lens မှာလည်း စွမ်းဆောင်ရည်ကောင်းတယ်ဆိုပြီး သတ်မှတ်ခံခဲ့ရတာပါ။ Video ပိုင်းမှာလည်း Exposure ၊ Color Accuracy နဲ့ Autofocus ပိုင်းတွေ အားရဖို့ကောင်းတယ်ဆိုပြီး ပြောကြားခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus 8 Pro ဖုန်းဟာ 48MP Quad Camera Setup ကိုပဲ အသုံးပြုထားပေမယ့် ဒီလိုမျိုး Camera ပိုင်းမှာ ယခင်ကထက်အများကြီးပိုစွမ်းဆောင်ရည်ကောင်းလာတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

Ref – Gizmo China