Unicode

OnePlus ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Charging Speed ကို ဦးစားပေးတဲ့ ကုမ္ပဏီတစ်ခုလို့ ပြောလို့ရပါတယ်။ ယခင် Dash Charge အပြင် လက်ရှိ WrapCharge နည်းပညာတွေကလည်း အားသွင်းအမြန်ဆုံးလို့ မသတ်မှတ်နိုင်တော့ပေမယ့် ပုံမှန် QuickCharge နည်းပညာထက်တော့ ပိုပြီး မြန်ဆန်နေပါသေးတယ်။

ဒါပေမယ့် ဒီလိုမျိုး Wired Fast Charging ကို ဦးစားပေးတဲ့အတွက် အားနည်းချက်တစ်ခုက ပြီးခဲ့တဲ့ OnePlus 7 Series တွေအထိ Wireless Charging Feature ပါဝင်ခြင်းမရှိတာပဲဖြစ်ပါတယ်။ OnePlus Fan တွေအနေနဲ့ ဖုန်းတွေစျေးပိုများလာတာနဲ့အတူ Wireless Charging Feature ကို တောင်းဆိုလာကြပေမယ့် OnePlus ကတော့ လုံလောက်တဲ့ Charging Speed ကို Wireless Charging နဲ့ မရနိုင်ဘူးဆိုပြီး ငြင်းဆိုနေခဲ့တာပါ။

လာမယ့် OnePlus 8 Series စမတ်ဖုန်းတွေမှာတော့ OnePlus ကနေ စိတ်ပြောင်းပြီး Wireless Charging Feature ကို ထည့်သွင်းလာဖို့များနေပါတယ်။ ဒါကိုလည်း ယခင်တုန်းက Leakster တစ်ဦးက ပြောကြားခဲ့ပြီး အခုပိုသေချာတဲ့ သက်သေတစ်ခုကိုတွေ့လာရပါတယ်။

ဒါကတော့ OnePlus Technology ကုမ္ပဏီဟာ လက်ရှိ Wireless Power Consortium (WPC) Website မှာ ဖော်ပြခြင်းခံခဲ့ရတာကြောင့်ဖြစ်ပါတယ်။ အဆိုပါ Website မှာပါဝင်တဲ့ စမတ်ဖုန်းကုမ္ပဏီတွေဟာ Wireless Charging ကို အသုံးပြုနေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့အတွက် OnePlus 8 Series စမတ်ဖုန်းတွေမှာ နောက်ဆုံးတော့ Wireless Charging ပါဝင်ဖို့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။

ဘာပဲဖြစ်ဖြစ် OnePlus က ပုံမှန် 15W Wireless Charging Speed ထက် ဘယ်လောက်ထိ ပိုမြန်ဆန်အောင် Support ပေးလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Ref – GSM Arena

Zawgyi

OnePlus ဟာ စမတ္ဖုန္းထုတ္လုပ္သူေတြထဲမွာ Charging Speed ကို ဦးစားေပးတဲ့ ကုမၸဏီတစ္ခုလို႔ ေျပာလို႔ရပါတယ္။ ယခင္ Dash Charge အျပင္ လက္ရွိ WrapCharge နည္းပညာေတြကလည္း အားသြင္းအျမန္ဆုံးလို႔ မသတ္မွတ္ႏိုင္ေတာ့ေပမယ့္ ပုံမွန္ QuickCharge နည္းပညာထက္ေတာ့ ပိုၿပီး ျမန္ဆန္ေနပါေသးတယ္။

ဒါေပမယ့္ ဒီလိုမ်ိဳး Wired Fast Charging ကို ဦးစားေပးတဲ့အတြက္ အားနည္းခ်က္တစ္ခုက ၿပီးခဲ့တဲ့ OnePlus 7 Series ေတြအထိ Wireless Charging Feature ပါဝင္ျခင္းမရွိတာပဲျဖစ္ပါတယ္။ OnePlus Fan ေတြအေနနဲ႔ ဖုန္းေတြေစ်းပိုမ်ားလာတာနဲ႔အတူ Wireless Charging Feature ကို ေတာင္းဆိုလာၾကေပမယ့္ OnePlus ကေတာ့ လုံေလာက္တဲ့ Charging Speed ကို Wireless Charging နဲ႔ မရႏိုင္ဘူးဆိုၿပီး ျငင္းဆိုေနခဲ့တာပါ။

လာမယ့္ OnePlus 8 Series စမတ္ဖုန္းေတြမွာေတာ့ OnePlus ကေန စိတ္ေျပာင္းၿပီး Wireless Charging Feature ကို ထည့္သြင္းလာဖို႔မ်ားေနပါတယ္။ ဒါကိုလည္း ယခင္တုန္းက Leakstar တစ္ဦးက ေျပာၾကားခဲ့ၿပီး အခုပိုေသခ်ာတဲ့ သက္ေသတစ္ခုကိုေတြ႕လာရပါတယ္။

ဒါကေတာ့ OnePlus Technology ကုမၸဏီဟာ လက္ရွိ Wireless Power Consortium (WPC) Website မွာ ေဖာ္ျပျခင္းခံခဲ့ရတာေၾကာင့္ျဖစ္ပါတယ္။ အဆိုပါ Website မွာပါဝင္တဲ့ စမတ္ဖုန္းကုမၸဏီေတြဟာ Wireless Charging ကို အသုံးျပဳေနတဲ့ ကုမၸဏီေတြျဖစ္တဲ့အတြက္ OnePlus 8 Series စမတ္ဖုန္းေတြမွာ ေနာက္ဆုံးေတာ့ Wireless Charging ပါဝင္ဖို႔ က်ိန္းေသသေလာက္ျဖစ္ေနပါၿပီ။

ဘာပဲျဖစ္ျဖစ္ OnePlus က ပုံမွန္ 15W Wireless Charging Speed ထက္ ဘယ္ေလာက္ထိ ပိုျမန္ဆန္ေအာင္ Support ေပးလာမလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။

Ref – GSM Arena