OnePlus ကနေ ယခုနှစ်အစောပိုင်းမှာ OnePlus 8 Series ဖုန်းတွေဖြစ်တဲ့ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ OnePlus ကနေ စိတ်လှုပ်ရှားစရာသတင်းတစ်ခုကို တရားဝင်ကြေညာခဲ့ပါတယ်။

ဒါကတော့ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေဟာ လက်ရှိနာမည်ကြီး Battle Royale ဂိမ်းတစ်ခုဖြစ်တဲ့ Fortnite ကို 90fps အပြည့်နဲ့ ဆော့ကစားနိုင်ပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါကလက်ရှိစမတ်ဖုန်းတွေအားလုံးထဲမှာ ပထမဆုံးလို့တောင် ပြောလို့ရပါတယ်။

OnePlus ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Fortnite ကို 90fps အပြည့် Support ပေးနိုင်ဖို့အတွက် Epic Games နဲ့ လပိုင်းခန့်အတူတွဲပြီးဆောင်ရွက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ OnePlus 6 နဲ့အထက်ဖုန်းတွေအသုံးပြုနေတယ်ဆိုရင်လည်း OnePlus Game Space App ကနေ Epic Games App ကို သွင်းပြီး Fortnite ကို Play Store မလိုအပ်ဘဲ တိုက်ရိုက် Download ပြုလုပ်နိုင်ဦးမှာပါ။

ဒါပေမယ့်လည်း OnePlus 7 နဲ့ 7T Series ဖုန်းတွေကတော့ Display က 90Hz ကို Support ပြုလုပ်ပေမယ့်လည်း Fortnite မှာတော့ တခြားသောစမတ်ဖုန်းတွေလိုမျိုးပဲ 60fps နဲ့ပဲ အမြင့်ဆုံးဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Epic Games ကလည်း နောက်ပိုင်းမှာ 90Hz သို့မဟုတ် ပိုမြင့်မားတဲ့ Refresh Rate ကို OnePlus 8 Series မဟုတ်တဲ့တခြားစမတ်ဖုန်းတွေမှာ ရရှိလာအောင်လုပ်ပေးမလားဆိုတာကိုလည်း အတည်ပြုပြောကြားခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Fortnite ကို ဆော့ကစားတတ်တဲ့သူဆိုရင် OnePlus 8 Series ဖုန်းတွေက လက်ရှိ Gaming Phone တွေထက်တောင် ပိုသာသွားပြီဖြစ်ပါတယ်။

Ref – Android Central