Unicode

OnePlus ကနေ လာမယ့် OnePlus 8 Series စမတ်ဖုန်းတွေမှာ အသုံးပြုလာမယ့် Display နည်းပညာအသစ်ကို တရုတ်နိုင်ငံ Shenzhen မြို့မှာ မိတ်ဆက်လိုက်ပါတယ်။ ဒါကတော့ Fluid Display လို့ ခေါ်ဆိုထားတဲ့ 120Hz Refresh Rate QHD+ OLED Display အသစ်ပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် ဒီ OnePlus 8 Series ဖုန်းတွေဟာ လက်ရှိ Gaming Phone တွေဖြစ်တဲ့ ASUS ROG Phone 2 နဲ့ Razer Phone 2 တို့နဲ့ တူညီတဲ့ Refresh Rate ရှိလာမှာဖြစ်တဲ့အပြင် မကြာခင်မိတ်ဆက်တော့မယ့် Samsung Galaxy S20 Series ဖုန်းတွေနဲ့လည်း ယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရ OnePlus ဟာ အခု Fluid Display နည်းပညာအတွက် Samsung နဲ့ ပူးပေါင်းပြီး ဖန်တီးခဲ့တာဖြစ်သလို Android OS ရဲ့ Animation တွေကိုလည်း Gestures တွေအသုံးပြုတဲ့အချိန်မှာ ပိုမိုမြန်ဆန်ပြီး Smooth ဖြစ်နေအောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဒီ OnePlus 8 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် Fluid Display ဟာဆိုရင် 10-bit Color Depth ကို Support ပေးမှာဖြစ်တဲ့အတွက် True HDR 10 ကို ရရှိလာမယ့်အပြင် Color တွေကိုလည်း 1.07 Billion Colors တွေအထိ ထုတ်ပေးနိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ ဒီ 120Hz Refresh Rate Display အားလုံးမှာ လူ့မျက်စိကနေ အရောင်ကွဲပြားမှုကိုသိနိုင်တဲ့နှုန်းကလည်း 0.8 JNCD (Just Noticeable Color Differences) ပဲရှိမှာဖြစ်ပါတယ်။ ဒါက Galaxy Note 10 Plus ရဲ့ 0.4 JNCD Rating ကိုတော့ မမှီသေးပေမယ့် 120Hz Display တစ်ခုအနေနဲ့ကတော့ အထင်ကြီးစရာပါ။

နောက်ထပ်လည်း OnePlus ကနေ အခု Fluid Display မှာ MEMC Chip ကိုပါထည့်သွင်းပေးထားဦးမယ်လို့ သိရပါတယ်။ ဒီ MEMC Chip ဟာ Motion Estimation and Motion Compensation အတွက်ဖြစ်ပြီး လက်ရှိ TV တွေမှာပဲ Video မှာ Motion Blur ကို လျော့ချနိုင်ဖို့အတွက် အသုံးပြုနေတဲ့ နည်းပညာလည်းဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ကတော့ 240Hz Touch Sampling Rate နဲ့ Peak Brightness ကို 1,000 Nits အထိရရှိလာမှာပါ။

OnePlus ရဲ့ CEO ဖြစ်တဲ့ Pete Lau ကတော့ ဒီ Fluid Display နည်းပညာအပေါ်မှာ ယုံကြည်ချက်ပြင်းထန်နေပြီး ၂၀၂၀ ခုနှစ်ထဲမှာ အကောင်းဆုံး စမတ်ဖုန်း Display ဖြစ်လာမယ်လို့တောင် ပြောကြားနေတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသေးစိတ်ကိုတော့ OnePlus 8 Series ဖုန်းတွေမိတ်ဆက်မယ့်အချိန်ကြရင် သိရတော့မှာပါ။

Ref – Android Authority

Zawgyi

OnePlus ကေန လာမယ့္ OnePlus 8 Series စမတ္ဖုန္းေတြမွာ အသုံးျပဳလာမယ့္ Display နည္းပညာအသစ္ကို တ႐ုတ္ႏိုင္ငံ Shenzhen ၿမိဳ႕မွာ မိတ္ဆက္လိုက္ပါတယ္။ ဒါကေတာ့ Fluid Display လို႔ ေခၚဆိုထားတဲ့ 120Hz Refresh Rate QHD+ OLED Display အသစ္ပဲျဖစ္ပါတယ္။

အဲ့ဒီအတြက္ ဒီ OnePlus 8 Series ဖုန္းေတြဟာ လက္ရွိ Gaming Phone ေတြျဖစ္တဲ့ ASUS ROG Phone 2 နဲ႔ Razer Phone 2 တို႔နဲ႔ တူညီတဲ့ Refresh Rate ရွိလာမွာျဖစ္တဲ့အျပင္ မၾကာခင္မိတ္ဆက္ေတာ့မယ့္ Samsung Galaxy S20 Series ဖုန္းေတြနဲ႔လည္း ယွဥ္ၿပိဳင္ရဖြယ္ရွိေနပါတယ္။

လက္ရွိသိရတဲ့သတင္းေတြအရ OnePlus ဟာ အခု Fluid Display နည္းပညာအတြက္ Samsung နဲ႔ ပူးေပါင္းၿပီး ဖန္တီးခဲ့တာျဖစ္သလို Android OS ရဲ႕ Animation ေတြကိုလည္း Gestures ေတြအသုံးျပဳတဲ့အခ်ိန္မွာ ပိုမိုျမန္ဆန္ၿပီး Smooth ျဖစ္ေနေအာင္ ေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။

ဒီ OnePlus 8 Series ဖုန္းေတြမွာ အသုံးျပဳလာမယ့္ Fluid Display ဟာဆိုရင္ 10-bit Color Depth ကို Support ေပးမွာျဖစ္တဲ့အတြက္ True HDR 10 ကို ရရွိလာမယ့္အျပင္ Color ေတြကိုလည္း 1.07 Billion Colors ေတြအထိ ထုတ္ေပးႏိုင္မွာပါ။ ဒါတင္မဟုတ္ေသးဘဲ ဒီ 120Hz Refresh Rate Display အားလုံးမွာ လူ႔မ်က္စိကေန အေရာင္ကြဲျပားမႈကိုသိႏိုင္တဲ့ႏႈန္းကလည္း 0.8 JNCD (Just Noticeable Color Differences) ပဲရွိမွာျဖစ္ပါတယ္။ ဒါက Galaxy Note 10 Plus ရဲ႕ 0.4 JNCD Rating ကိုေတာ့ မမွီေသးေပမယ့္ 120Hz Display တစ္ခုအေနနဲ႔ကေတာ့ အထင္ႀကီးစရာပါ။

ေနာက္ထပ္လည္း OnePlus ကေန အခု Fluid Display မွာ MEMC Chip ကိုပါထည့္သြင္းေပးထားဦးမယ္လို႔ သိရပါတယ္။ ဒီ MEMC Chip ဟာ Motion Estimation and Motion Compensation အတြက္ျဖစ္ၿပီး လက္ရွိ TV ေတြမွာပဲ Video မွာ Motion Blur ကို ေလ်ာ့ခ်ႏိုင္ဖို႔အတြက္ အသုံးျပဳေနတဲ့ နည္းပညာလည္းျဖစ္ပါတယ္။ က်န္တဲ့ Feature ေတြအေနနဲ႔ကေတာ့ 240Hz Touch Sampling Rate နဲ႔ Peak Brightness ကို 1,000 Nits အထိရရွိလာမွာပါ။

OnePlus ရဲ႕ CEO ျဖစ္တဲ့ Pete Lau ကေတာ့ ဒီ Fluid Display နည္းပညာအေပၚမွာ ယုံၾကည္ခ်က္ျပင္းထန္ေနၿပီး ၂၀၂၀ ခုႏွစ္ထဲမွာ အေကာင္းဆုံး စမတ္ဖုန္း Display ျဖစ္လာမယ္လို႔ေတာင္ ေျပာၾကားေနတာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အေသးစိတ္ကိုေတာ့ OnePlus 8 Series ဖုန္းေတြမိတ္ဆက္မယ့္အခ်ိန္ၾကရင္ သိရေတာ့မွာပါ။

Ref – Android Authority