OnePlus ဟာ သတင်းတွေထွက်နေတဲ့ OnePlus 8T Cyberpunk 2077 Edition ကို ကြေညာလိုက်ပါပြီ။ လက်ရှိမှာ အဲဒီ မော်ဒယ်ကို တရုတ်မှာပဲ ရောင်းပေးထားပြီး ရိုးရိုး မော်ဒယ်ထက် ယွမ် ၃၀၀ ပိုများပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၃,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၇ သိန်း ၇ သောင်းလောက် ရှိပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ စတင် ရောင်းချမှာပါ။ Limited Edition ဖြစ်တဲ့အတွက် အရေအတွက် အကန့်အသတ်နဲ့ ရောင်းမှာပါ။

ဘာတွေ ထူးခြားသွားသလဲဆိုတော့ OnePlus 8T Cyberpunk 2077 Edition ဒီဇိုင်းဟာ ရိုးရိုး မော်ဒယ်နဲ့ ယှဉ်ရင် အများကြီး ပြောင်းလဲသွားပါတယ်။ ရိုးရိုးမော်ဒယ်ရဲ့ သေးငယ်တဲ့ အနောက်ဘက်က ကင်မရာ အကွက်ဟာ အထူးထုတ် မော်ဒယ်မှာ အရမ်းကို ကြီးသွားပါတယ်။ အောက်ခြေနားမှာ Cyberpunk 2077 Logo ကို လှပစွာ ရေးထွင်းထားပြီး အလယ်ပိုင်းမှာတော့ OnePlus ရဲ့ Sandstone Cover နဲ့ ဆင်တူတဲ့ ဒီဇိုင်းကို ထည့်သွင်းထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သေသေချာချာတော့ အတည်မပြုနိုင်သေးပါဘူး။

OnePlus 8T CyberPunk 2077 Limited Edition 04

 

OnePlus 8T CyberPunk 2077 Limited Edition 05

ဘူးထဲမှာ ရိုးရိုး မော်ဒယ်နဲ့ တူတဲ့ OnePlus ရဲ့ 65W Charger ထည့်သွင်းထားပေမယ့် Cyberpunk 2077 Logo ရေးထွင်းထားပါတယ်။ ဘူးထဲမှာ Protective Case ၁ ခု ပါလာပြီး အနောက်ဘက်က ဖန် ကာဗာကို မြင်ရအောင် Cutout ဖြတ်ထားပါတယ်။ ဆော့ဖ်ဝဲ အကြောင်းပြောရရင် Custom UI Themes , Live Wallpapers နဲ့ Icons တွေ ထည့်သွင်းထားပါတယ်။

Ref : gsmarena