OnePlus ဟာ ကုမ္ပဏီရဲ့ Mid-ranger စမတ်ဖုန်းသစ်ကို ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ သူတို့ရဲ့ Flagship စီးရီးအတွက်လည်း အာရုံစိုက်မှုလျော့ကျမသွားဘဲ အလုပ်များနေခဲ့တယ်ဆိုတာ သေချာပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက OnePlus အမှတ်တံဆိပ်အောက်မှာ T Device တစ်ခုမက တွေ့ခဲ့ကြရပါတယ်။ ဒီအစဉ်အလာဟာ ၂၀၂၀ မှာလည်း ဆက်ပြီးရှိနေဦးမှာပါ။ ဒါဟာ အခုရေပန်းစားသတင်းကြီးနေတဲ့ OnePlus 8T စီးရီးကို ရည်ညွှန်းတာပါ။

မော်ဒယ်နံပါတ် KB2001 နဲ့ OnePlus ဟန်းဆက်တစ်ခုဟာ Geekbench data base မှာထွက်ပေါ်လာပါတယ်။ ဒါဟာ OnePlus 8T ဒါမှမဟုတ် OnePlus 8T Pro ဖြစ်နိုင်ပါတယ်။ ဒီဟန်းဆက်ဟာ Android 11 ကို အသုံးပြုမောင်းနှင်ထားတာကိုလည်းတွေ့ရပါတယ်။ အကယ်၍သာ T device တွေကိုကြေညာတဲ့ အချိန်မှန်အတိုင်းဆိုရင်တော့ ဒီ Device ဟာ OnePlus 8T ထဲက တစ်မျိုးဆိုတာ ပြောနိုင်ပါတယ်။

Geekbench အရ သိနိုင်တာကတော့ ဒီဟန်းဆက်ဟာ 8GB of RAM နဲ့ဖြစ်ပြီး Single-core ရော Multi-core ရမှတ်တွေပါ များပြားနေတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာတွေ့ခဲ့ကြရတဲ့ Qualcomm Snapdragon 865 chipset သုံး ဟန်းဆက်တွေထက် သာလွန်တဲ့ရမှတ်တွေပါ။ ဒါပေမယ့် Geekbench ပေါ်က ဒီ OnePlus ဟန်းဆက်မှာ Snapdragon 865+ သုံးထားတယ်လို့ ပြောနိုင်ဖို့အတွက် တိကျတဲ့အထောက်အထား မရှိသေးပါဘူး။

Ref: GSMArena