OnePlus ကနေ လာမယ့် ၂၀၂၁ ခုနှစ်အစောပိုင်းမှာ Flagship Series စမတ်ဖုန်းအသစ်ဖြစ်တဲ့ OnePlus 9 ဖုန်းတွေကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အဆိုပါ OnePlus 9 Series မှာ OnePlus 9 ၊ OnePlus 9 Pro နဲ့ OnePlus 9 SE ဆိုပြီး ၃ မျိုးအထိပါဝင်လာမှာဖြစ်ပြီး OnePlus 8 Series မိတ်ဆက်တဲ့အချိန်ထက် တစ်လနီးပါးပိုစောပြီး မိတ်ဆက်မယ်လို့ သိရပါတယ်။

OnePlus 9 နဲ့ OnePlus 9 Pro ဖုန်းတွေက Qualcomm Snapdragon 888 Chipset ကို အသုံးပြုလာမှာဖြစ်ပြီး RAM 8GB နဲ့ 128GB Storage ကနေ စတင်ပါဝင်လာမှာဖြစ်ပါတယ်။ Camera Module Design ကိုလည်း ပြောင်းလဲထားမှာဖြစ်သလို Camera Hardware ပိုင်းကိုလည်း အဆင့်မြှင့်တင်ထားမှာပါ။ OnePlus 9E ဖုန်းကတော့ Qualcomm Snapdragon 865 Chipset နဲ့ပဲ ပွဲထွက်လာမှာဖြစ်ပြီး OnePlus 9 Lite လို့လည်း ခေါ်ဆိုလာနိုင်ပါတယ်။

အဆိုပါ OnePlus ဖုန်းတွေဟာ 120Hz Refresh Rate ပါဝင်တဲ့ AMOLED Display အပြင် 65W Fast Charging ကိုပါ Support ပြုလုပ်ဖို့ကတော့ ကျိန်းသေနေပြီဖြစ်ပါတယ်။ အခုထပ်မံသိရတဲ့သတင်းအရလည်း OnePlus ကနေ OnePlus 9 Pro တင်မဟုတ်ဘဲ OnePlus 9 ဖုန်းကိုပါ 30W Wireless Charging နဲ့ Reverse Wireless Charging ကို Support ပေးတော့မှာပဲဖြစ်ပါတယ်။

အခုသတင်းကိုတော့ 91Mobiles ကနေ ဖော်ပြခဲ့တာဖြစ်ပြီး OnePlus 9 ဖုန်းကို Wireless Charging ပြုလုပ်နေတာနဲ့ Notification Bar မှာ Reverse Charge Icon ပါဝင်လာတဲ့ ဓါတ်ပုံတွေကိုပါ ထုတ်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် OnePlus 9 နဲ့ OnePlus 9 Pro ရဲ့ ကွာခြားချက်က ပိုပြီးနည်းလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi က မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Mi 11 ကတော့ 55W Wired Fast Charging အပြင် Wireless Charging ကိုလည်း 50W အထိ Support ပေးနိုင်တဲ့အတွက် OnePlus အနေနဲ့ Wireless Charging ကို ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။

Ref – XDA-Developers