OnePlus က လာမယ့်နှစ် ပထမသုံးလပတ်အတွင်း မိတ်ဆက်မယ့် စီးရီးမှာ OnePlus 9, OnePlus 9 Pro နဲ့ OnePlus 9 Lite သုံးမျိုး ပါဝင်ပါတယ်။ OnePlus 9 လို့ ယူဆရတဲ့ ဟန်းဆက်ကိုတော့ လွန်ခဲ့တဲ့ နိုဝင်ဘာလလယ်လောက်ကတည်းက Geekbench ပေါ်မှာ တွေ့ခဲ့ရတာပါ။

OnePlus 9 စီးရီးဝင် ဟန်းဆက်တွေရဲ့ အချက်အလက်တွေဟာ ပေါက်ကြားမှုတွေ့ကတစ်ဆင့်သာ သိရှိနေရဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ Vanilla OnePlus 9 ရဲ့ ပကတိပြင်ပဓါတ်ပုံလည်း ပေါက်ကြားထွက်ပေါ်လာတာကို တွေ့မြင်ရပါတယ်။ ပကတိဓါတ်ပုံအချို့ဟာ OnePlus 9 ရဲ့ Punch-hole ကင်မရာနဲ့ Reverse wireless charging feature တွေကို အတည်ပြုခွင့် ပေးအပ်သွားပါတယ်။

လက်ရှိအချိန်မတိုင်ခင်တော့ ဒီအမှတ်တံဆိပ်အောက်မှာ OnePlus 8 Pro ကပဲ Wireless နဲ့ Reverse wireless charging စနစ်ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ OnePlus 8 စီးရီးတုန်းကတော့ Reverse ကြိုးမဲ့အားသွင်းစနစ်ဟာ Pro မော်ဒယ်အတွက်ပဲ ဖြစ်ခဲ့ပါတယ်။ အခုတော့ OnePlus 9 မှာလည်း 30W ကြိုးမဲ့အားသွင်းစနစ်နဲ့ Reverse ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့လာပြီ ဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ အချက်အလက်တွေက Vanilla OnePlus 9 မှာ 4,500mAh ဘက်ထရီတပ်ဆင်ထားမယ်ဆိုတာနဲ့၊ 65W အမြန်အားသွင်းစနစ်ပါဝင်မယ်ဆိုတဲ့အကြောင်းကိုလည်း ဖော်ပြနေပါတယ်။ OnePlus 9 စီးရီးကို မတ်လလယ်လောက်မှ မိတ်ဆက်ဖွယ်ရှိတာကြောင့် ကြားကာလအတွင်းမှာ နောက်ထပ်သတင်းပေါက်ကြားမှုတွေထွက်လာဦးမှာဖြစ်တဲ့အတွက် ဆက်ပြီးစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena