လာမယ့်နှစ်အစောပိုင်းမှာပဲ စမတ်ဖုန်းကုမ္ပဏီအတော်များများဟာ သူတို့ရဲ့ ပထမနှစ်ဝက် Flagship ဖုန်းတွေကို ကြေညာလာကြမယ်လို့ မျှော်လင့်ရပါတယ်။ အစောဆုံးအဖြစ် Samsung ရဲ့ Galaxy S21 စီးရီးဟာ ဇန်နဝါရီလ ဒုတိယပတ်မှာ စတင်ဖြန့်ချိမယ်လို့လည်း မျှော်လင့်ရပါတယ်။

OnePlus ကလည်း သူ့ရဲ့ OnePlus 9 စီးရီးကို လာမယ့် ၂၀၂၁ မတ်လထဲမှာ စတင်မိတ်ဆက်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း OnePlus 9 စီးရီးရဲ့ မော်ဒယ်နံပါတ်တွေကို Leaker တွေက ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပေါက်ကြားထွက်ပေါ်လာတဲ့ မော်ဒယ်နံပါတ်တွေထဲက အချို့ကို Geekbench မှာပါ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က Benchmark တွေ့ရတဲ့ Device ဟာ “LuBan LE2117” ဆိုတဲ့နာမည်ဖြစ်ပါတယ်။ Benchmarked ID က OnePlus 9 Pro ရဲ့ မော်ဒယ်နံပါတ်လို့ ပြောနိုင်ပါတယ်။ OnePlus ဖုန်းဟာ Android 11 မောင်းနှင်ထားပြီး RAM ကတော့ 8GB ဖြစ်ပါတယ်။ Motherboard ရဲ့ကုဒ်နာမည်ကိုတော့ “Lahaina” အဖြစ်တွေ့ရပြီး Octa-core processor ရဲ့ Base frequency ဟာ 1.80GHz ဖြစ်ပါတယ်။

Benchmark ရမှတ်တွေကတော့ Single-core မှာ 1,122 မှတ်ဖြစ်ပြီး Multi-core မှာတော့ 2,733 ဖြစ်ပါတယ်။ Processor ရဲ့ CPU configuration အရဆိုရင်တော့ Snapdragon 875 ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် OnePlus 9 စီးရီးတွေဟာ Refresh rate မြင့်မားတဲ့ AMOLED မျက်နှာပြင်တွေနဲ့ ထွက်လာနိုင်ပါတယ်။

ကောလာဟလတွေအရတော့ Refresh rate ဟာ 144Hz လို့ဆိုပေမယ့် ဒါဟာ OnePlus 9 Pro တစ်ခုတည်းမှာသာဖြစ်ပြီး Standard version ကတော့ 120Hz ပဲရှိမယ်လို့ ဆိုပါတယ်။ OnePlus 9 စီးရီးဟာ 65W ကြိုးတပ်အမြန်အားသွင်းစနစ်နဲ့ 40W ကြိုးမဲ့အမြန်အားသွင်းစနစ်တွေ ထောက်ပံ့ထားမယ်လို့လည်း ဆိုပါတယ်။

Ref: Gizmochina