OnePlus စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန်သလို Fast Charging ပိုင်းမှာလည်း နာမည်ကြီးတဲ့ဖုန်းတွေဖြစ်ပေမယ့် Wireless Charging ကိုတော့ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ OnePlus 8 Pro မှာပဲ စတင်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း OnePlus 8 Pro ဖုန်းက OnePlus ကနေ ထုတ်လုပ်ထားတဲ့ဖုန်းတွေထဲမှာ တစ်လုံးတည်းသော Wireless Charging ကို Support ပြုလုပ်တဲ့ဖုန်းဖြစ်နေဆဲပါ။

ဒါပေမယ့် OnePlus ကနေ လာမယ့်လပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ OnePlus 9 Pro ဖုန်းမှာလည်း Wireless Charging Feature ကို ဆက်လက်ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရဆိုရင် OnePlus 8 Pro ထက်တောင် ပိုပြီး မြန်ဆန်တဲ့ 45W Wireless Charging စနစ်ကို ထည့်သွင်းလာမှာဖြစ်ပါတယ်။

OnePlus 8 Pro ဖုန်းမှာတုန်းက Wireless Charging Speed ဟာ 30W အထိပဲရရှိခဲ့တာဖြစ်တဲ့အတွက် ဒီလိုမျိုး 45W အထိ Support ပေးလာမယ်ဆိုတာက သိသာတဲ့တိုးတက်မှုတစ်ခုလို့ပြောရမှာပါ။ ဒါပေမယ့် တခြားသော Huawei နဲ့ Xiaomi Flagship ဖုန်းတွေရဲ့ Wireless Charging Speed ကိုတော့ မမှီသေးပါဘူး။ Wired Charging အနေနဲ့ကတော့ OnePlus 8T ဖုန်းမှာ အသုံးပြုထားတဲ့ 65W Wrap Charge ကိုပဲ အသုံးပြုလာဖွယ်ရှိနေပါတယ်။

နောက်ထပ်လည်း OnePlus ဟာ ပုံမှန် OnePlus 9 ဖုန်းမှာလည်း Wireless Charging ကို Support ပြုလုပ်သွားမယ်လို့ သတင်းတွေထွက်ရှိထားပါသေးတယ်။ အမြန်နှုန်းအနေနဲ့ ဘယ်လောက်ထိ Support ပေးနိုင်မလဲဆိုတာကိုတော့ မသိရသေးပေမယ့် လာမယ့် OnePlus 9 Series ဖုန်းတွေဟာ ထင်ထားတာထက် ပိုပြီးတိုးတက်ပြောင်းလဲမှုတွေပြုလုပ်လာဖွယ်ရှိနေပါတယ်။

Ref – 9to5Google