OnePlus က တရုတ်မှာ စွမ်းရည်မြင့် Ace 2V ကို ကြေညာလိုက်ပြီး အနောက်ကင်မရာ ၃ လုံးနဲ့ Dimensity 9000 Chipset ပါလာပါတယ်။ ပေးရတဲ့ဈေးထက် တန်တဲ့ ဖုန်း ဖြစ်ပြီး 80W Charging ၊ 5,000mAh Battery နဲ့ ကြီးမားတဲ့ AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။

OnePlus Ace 2V with Dimensity 9000 is now official

OnePlus Ace 2V မှာ 6.74” AMOLED မျက်နှာပြင် ပါလာပြီး 2772x1240p Resolution ရှိပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး မျက်နှာပြင်ကို Asahi Glass နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်ကိုတော့ Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။

ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပြီး အနောက်ဘက်မှာ 64MP Main, 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ အလေးချိန်က ၁၉၁.၅ ဂရမ်နဲ့ အထူက ၈.၁၅ မီလီမီတာ ရှိပြီး ဘေးဘက်မှာ Alert Slider ပါပါတယ်။

OnePlus Ace 2V မှာ Android 13 အခြေပြု ColorOS 13 မောင်းနှင်ထားပြီး NFC, WiFi 6, Bluetooth 5.3 နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

Green နဲ့ Black အရောင်ထုတ်လုပ်ထားပြီး 12/256GB ကို ၃၃၁ ဒေါ်လာ၊ 16/256GB ကို ၃၆၀ ဒေါ်လာနဲ့ 16/512GB ကို ၄၀၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၁၃ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

ဒါ့အပြင် ဖုန်းအတွက် Sandstone Protective Case ကို ၁၂ ဒေါ်လာ၊ Fan Cooler ကို ၃၄ ဒေါ်လာနဲ့ 100W SuperVOOC Charger ကို ၃၇ ဒေါ်လာနဲ့ ရောင်းမှာပါ။

Ref : gsmarena