OnePlus ရဲ့ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံး ဖုန်း ဖြစ်တဲ့ OnePlus Ace 3 ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ Ace 3 မှာ 6.7” LTPO AMOLED 1240x2772p မျက်နှာပြင် တပ်ဆင်ထားပြီး 1-120Hz Adaptive Refresh Rate ထောက်ပံ့ထားပါတယ်။

Auto Mode မှာ 1,600 Nits Brightness နဲ့ 4,500 Nits Peak Brightness ထည့်သွင်းထားပါတယ်။ Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပြီး Punch Hole မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

OnePlus Ace 3 ရဲ့ အနောက်ဘက်မှာ 50MP Sony IMX890 Main (OIS) ၊ 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ ပါလာပါတယ်။ Snapdragon 8 Gen 2 Chip ကို 12/16GB LPDDR5x RAM နဲ့ တွဲဖက်ထားပြီး 1TB UFS 4.0 Storage အထိ ထုတ်လုပ်ထားပါတယ်။

OnePlus Ace 3 unveiled with SD 8 Gen 2, up to 1TB storage and 100W charging

Android 14 အခြေပြု ColorOS 14 မောင်းနှင်ထားပြီး 5,500mAh Battery နဲ့ 100W SuperVOOC Fast Charging ပါပါတယ်။ ၂၇ မိနစ်တည်းနဲ့ “၀” ကနေ “၁၀၀” ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

OnePlus Ace 3 features a 5,500 mAh battery and 100W SuperVOOC fast charging

Black, Blue နဲ့ Rose Gold အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

OnePlus Ace 3 ကို ဒီလနှောင်းပိုင်း နိုင်ငံတကာမှာ OnePlus 12R အမည်နဲ့ ကြေညာနိုင်ပါတယ်။

Ref: gsmarena