OnePlus က ဈေးသက်သာတဲ့ Gaming ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ OnePlus Ace Racing Edition လို့ နာမည်ပေးထားပြီး OnePlus Ace မှာလို တူညီတဲ့ Dimensity 8100-Max Chipset ထည့်ထားပါတယ်။ ဈေးအကြောင်းပြောရရင် မူလ Ace ရဲ့ 8/128GB Version ကို ၂,၅၀၀ ယွမ် သတ်မှတ်ထားပြီး Racing Edition ကို ၂,၀၀၀ ယွမ် (၅၄၀,၀၀၀ ဝန်းကျင်)နဲ့ ရောင်းပေးထားတာပါ။

OnePlus Ace Racing edition launches with 120Hz LCD and Dimensity 8100-Max

ဈေးနှုန်း ပိုသက်သာတဲ့အတွက် Racing Edition မှာ အစိတ်အပိုင်းတွေလျှော့ချထားပြီး ၆.၇ လက်မ AMOLED အစား ၆.၅၉ လက်မ LCD မျက်နှာပြင် ထည့်ထားပါတယ်။ ဒါပေမယ့် 120Hz Refresh Rate ကတော့ တူညီပြီး Touch Sampling Rate ကို 240Hz သို့ လျှော့ချထားပါတယ်။ DCI-P3 Color Gamut ကို ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ပေးတဲ့အတွက် အရည်အသွေးမြင့်တဲ့ မျက်နှာပြင်လို့ ပြောနိုင်ပြီး 600 nits Brightness ကို သုံးနိုင်ပါတယ်။ ပုံမှန် Frame Rate နဲ့ ဂိမ်း ကစားနိုင်တဲ့ HyperBoost နည်းပညာ ထည့်ထားပါတယ်။

OnePlus Ace Racing edition launches with 120Hz LCD and Dimensity 8100-Max

ကင်မရာတွေကို ပြောင်းလဲထားပြီး အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , Macro ကင်မရာ ၃ လုံးနဲ့ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ 4K 30fps နဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပြီး နားကြပ်ပေါက် တပ်ဆင်ထားပါတယ်။

OnePlus Ace Racing edition launches with 120Hz LCD and Dimensity 8100-Max

67W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပြီး ၂၉ မိနစ်အတွင်း ၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ OnePlus Ace Racing Edition ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး အညိုနဲ့အပြာရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena