OnePlus 10R ရဲ့ Specs အပြည့်အစုံ ပြီးခဲ့တဲ့ လက ပေါက်ကြားခဲ့ပြီး အဲဒါဟာ စမတ်ဖုန်း အသစ် မဟုတ်ဘဲ တခြား ဖုန်း ၁ လုံးကို နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။ OnePlus 10R ရဲ့ လျှို့ဝှက်အမည်က Pickle ဖြစ်ပြီး ၂၀၂၂ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ကြေညာနိုင်ပါတယ်။ OnePlus က အဲဒီဖုန်း အကြောင်း ဘာမှ မပြောသေးပေမယ့် အခုတော့ နာမည်ကြီး Tipster Digital Chat Station က Dimensity 8100 Chipset ပါတဲ့ OnePlus Ace စမတ်ဖုန်း အကြောင်းကို မျှဝေထားပါတယ်။

OnePlus Ace

အဲဒီ Branding ဟာ ရင်းနှီးပြီးသား ဖြစ်ပြီး OPPO က Ace နာမည်နဲ့ စမတ်ဖုန်း ၂ လုံးကို ထုတ်လုပ်ရောင်းချထားပါတယ်။ အဲဒါတွေက ၂၀၁၉ ခုနှစ်ထုတ် Reno Ace နဲ့ ၂၀၂၀ ခုနှစ်ထုတ် Ace2 တို့ ဖြစ်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ OPPO ဟာ Ace Series စမတ်ဖုန်း အသစ်တွေကို ထုတ်လုပ်ရောင်းချတာ မရှိတော့ပါဘူး။ အခုတော့ OnePlus က Ace နာမည်ကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။

Digital Chat Station က OnePlus Ace ရဲ့ အနောက်ဘက်မှာ Texture ပါတဲ့ ကာဗာကို အသုံးပြုထားမှာ ဖြစ်ပြီး Fast Charging နဲ့ Gaming ကို အဓိက အသားပေး ဖန်တီးထားမယ်လို့ ပြောပါတယ်။ တခြား Tipster ၁ ယောက်က အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေကို မျှဝေထားပြီး OnePlus Ace (PGKM10) ရဲ့ မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

OnePlus Ace ဟာ realme GT Neo3 ကို အမည်ပြောင်းထားတာလို့ သတင်းထွက်နေတဲ့အတွက် Dimensity 8100 SoC ၊ ၆.၇ လက်မ 120Hz FullHD+ AMOLED မျက်နှာပြင်၊ 50MP Main ကင်မရာ (OIS) ၊ 150W Charging နဲ့ 4,500mAh ဘက်ထရီတွေ ပါလာမှာပါ။

Ref : gsmarena