OnePlus က Foldable မျက်နှာပြင်ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ OnePlus Open ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပြီး အခုတော့ မျက်နှာပြင် နည်းပညာမှာ အရည်အသွေးမြင့်တဲ့ စမတ်ဖုန်း ၁ လုံးကို ချပြဖို့ ပြင်ဆင်နေပါတယ်။ ကုမ္ပဏီက အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကြေညာမယ်လို့ ပြောပါတယ်။ OnePlus နဲ့ မိခင် ကုမ္ပဏီ OPPO တို့ဟာ BOE က ထုတ်လုပ်တဲ့ မျက်နှာပြင် အသစ်ကို ပြသတော့မှာပါ။

OnePlus and BOE to introduce a breakthrough in mobile phone screens on October 24

အဲဒီ Panel အသစ်ရဲ့ Brightness ဟာ အလွန် ကောင်းမွန်တယ်လို့ Digital Chat Station က ပြောပါတယ်။ သူတို့ဟာ 3,000 Nits Brightness ပါတဲ့ 1440p Panel ကို ချပြမယ်လို့ ထင်ပါတယ်။

OnePlus က Open စမတ်ဖုန်းဟာ 1,400 Max Brightness နဲ့ 2,800 Nits Peak Brightness ကို ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် Gsmarena ရဲ့ စမ်းသပ်ချက်အရ အမြင့်ဆုံး Brightness က အနည်းငယ် နိမ့်ပါတယ်။

OnePlus to showcase 3,000 nits OLED screen - SamMobile

အခု Panel အသစ်ဟာ 2160 Hz PWM Dimming ကို ထောက်ပံ့ပေးနိုင်ပြီး လက်ရှိ Panel တွေရဲ့ 1440 Hz ထက် မြင့်မားမှာ ဖြစ်ပါတယ်။

OnePlus က မျက်နှာပြင် အသစ်ကို ကြေညာတဲ့ နေ့မှာပဲ Qualcomm ကလည်း Snapdragon 8 Gen 3 Chipset ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ OnePlus 12 မှာ အဲဒီ Chipset အသစ်နဲ့ BOE ရဲ့ မျက်နှာပြင် ပါလာနိုင်ပါတယ်။

Ref : gsmarena