Unicode

စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Li-ion သို့မဟုတ် Li-Po Battery တွေက အသုံးပြုတဲ့အချိန်ကြာမြင့်လာတာနဲ့အတူ Battery သက်တမ်းကလည်း တဖြည်းဖြည်းတိုတောင်းလာလေ့ရှိပါတယ်။ အဲ့ဒီအတွက် Battery ကို ပိုပြီးကြာရှည်ခံနိုင်ဖို့အတွက် Charging သွင်းတဲ့နေရာမှာလည်း ဂရုစိုက်ဖို့လိုအပ်လာပါတယ်။

အဲ့ဒီအတွက် အခုနောက်ပိုင်းမှာ Apple ၊ Samsung လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေက သူတို့ရဲ့ စမတ်ဖုန်းတွေမှာ အားသွင်းတာကို Optimized လုပ်ပေးနိုင်တဲ့ Feature တွေ၊ Battery Health ကို သိရှိနိုင်တဲ့ Feature တွေကို ထည့်သွင်းပေးလာတာဖြစ်ပါတယ်။ အခုလည်း OnePlus ကနေ သူ့ရဲ့ စမတ်ဖုန်းတွေမှာ Optimized Charging လို့ နာမည်ပေးထားတဲ့ Feature အသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

အခု OnePlus ရဲ့ Optimized Charging Feature ဟာ 100% အထိ အားသွင်းဖို့ကို လိုအပ်မှသာ သွင်းပေးတဲ့ Feature တစ်ခုဖြစ်ပြီးတော့ ဥပမာ Overnight Charging ပြုလုပ်မယ်ဆိုရင် ဖုန်းကို 80% ပြည့်တဲ့အထိပဲ အရင်အားသွင်းထားမှာဖြစ်ပြီး ကျန်တဲ့ 20% ကို အားသွင်းဖို့ကို ပုံမှန် မနိုးထခင် မိနစ် ၁၀၀ အလိုမှသာ ထပ်ပြီး အားသွင်းပေးသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး နိုးထတဲ့အချိန်ကိုလည်း User Sleep Cycle Detection Feature နဲ့ ခန့်မှန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ User Sleep Cycle ကိုလည်း Weekend တွေ၊ Time Zone တွေအပြင် Alarm ပေးထားတဲ့အပေါ်ကိုမှုတည်ပြီး ပြောင်းလဲတွက်ချက်သွားမယ်လို့ သိရပါတယ်။ အခု Feature ကို OnePlus 7 နဲ့ OnePlus 7 Pro ဖုန်းတွေမှာ Beta OxygenOS Version တွေမှာ ရရှိနေပြီဖြစ်ပြီး မကြာခင်မှာ Stable Update အနေနဲ့ ရရှိလာတော့မှာဖြစ်ပါတယ်။

အခု Optimized Charging Feature ကို On ထားမယ်ဆိုရင် Status Bar မှာရှိတဲ့ Battery Icon က ပြောင်းလဲသွားမှာဖြစ်ပြီး Muted Notification အနေနဲ့လည်း ဖော်ပြသွားမှာဖြစ်ပါတယ်။ တကယ်လို့ 80% မှာ ရပ်နေတာကို မလိုချင်ဘဲ ဆက်ပြီး အားအပြည့်သွင်းချင်တယ်ဆိုရင်လည်း “Continue Charging” ဆိုတဲ့ Feature တစ်ခုကိုထည့်သွင်းပေးမယ်လို့ သိရပါတယ်။

Ref – GSM Arena

Zawgyi

စမတ္ဖုန္းေတြမွာ အသုံးျပဳေနတဲ့ Li-ion သို႔မဟုတ္ Li-Po Battery ေတြက အသုံးျပဳတဲ့အခ်ိန္ၾကာျမင့္လာတာနဲ႔အတူ Battery သက္တမ္းကလည္း တျဖည္းျဖည္းတိုေတာင္းလာေလ့ရွိပါတယ္။ အဲ့ဒီအတြက္ Battery ကို ပိုၿပီးၾကာရွည္ခံႏိုင္ဖို႔အတြက္ Charging သြင္းတဲ့ေနရာမွာလည္း ဂ႐ုစိုက္ဖို႔လိုအပ္လာပါတယ္။

အဲ့ဒီအတြက္ အခုေနာက္ပိုင္းမွာ Apple ၊ Samsung လိုမ်ိဳး စမတ္ဖုန္းကုမၸဏီေတြက သူတို႔ရဲ႕ စမတ္ဖုန္းေတြမွာ အားသြင္းတာကို Optimized လုပ္ေပးႏိုင္တဲ့ Feature ေတြ၊ Battery Health ကို သိရွိႏိုင္တဲ့ Feature ေတြကို ထည့္သြင္းေပးလာတာျဖစ္ပါတယ္။ အခုလည္း OnePlus ကေန သူ႔ရဲ႕ စမတ္ဖုန္းေတြမွာ Optimized Charging လို႔ နာမည္ေပးထားတဲ့ Feature အသစ္ကို မိတ္ဆက္ေပးလိုက္ပါတယ္။

အခု OnePlus ရဲ႕ Optimized Charging Feature ဟာ 100% အထိ အားသြင္းဖို႔ကို လိုအပ္မွသာ သြင္းေပးတဲ့ Feature တစ္ခုျဖစ္ၿပီးေတာ့ ဥပမာ Overnight Charging ျပဳလုပ္မယ္ဆိုရင္ ဖုန္းကို 80% ျပည့္တဲ့အထိပဲ အရင္အားသြင္းထားမွာျဖစ္ၿပီး က်န္တဲ့ 20% ကို အားသြင္းဖို႔ကို ပုံမွန္ မႏိုးထခင္ မိနစ္ ၁၀၀ အလိုမွသာ ထပ္ၿပီး အားသြင္းေပးသြားမွာျဖစ္ပါတယ္။ ဒီလိုမ်ိဳး ႏိုးထတဲ့အခ်ိန္ကိုလည္း User Sleep Cycle Detection Feature နဲ႔ ခန္႔မွန္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီ User Sleep Cycle ကိုလည္း Weekend ေတြ၊ Time Zone ေတြအျပင္ Alarm ေပးထားတဲ့အေပၚကိုမႈတည္ၿပီး ေျပာင္းလဲတြက္ခ်က္သြားမယ္လို႔ သိရပါတယ္။ အခု Feature ကို OnePlus 7 နဲ႔ OnePlus 7 Pro ဖုန္းေတြမွာ Beta OxygenOS Version ေတြမွာ ရရွိေနၿပီျဖစ္ၿပီး မၾကာခင္မွာ Stable Update အေနနဲ႔ ရရွိလာေတာ့မွာျဖစ္ပါတယ္။

အခု Optimized Charging Feature ကို On ထားမယ္ဆိုရင္ Status Bar မွာရွိတဲ့ Battery Icon က ေျပာင္းလဲသြားမွာျဖစ္ၿပီး Muted Notification အေနနဲ႔လည္း ေဖာ္ျပသြားမွာျဖစ္ပါတယ္။ တကယ္လို႔ 80% မွာ ရပ္ေနတာကို မလိုခ်င္ဘဲ ဆက္ၿပီး အားအျပည့္သြင္းခ်င္တယ္ဆိုရင္လည္း “Continue Charging” ဆိုတဲ့ Feature တစ္ခုကိုထည့္သြင္းေပးမယ္လို႔ သိရပါတယ္။

Ref – GSM Arena