OnePlus က တရုတ်မှာ Buds V နားကြပ်ကို ကြေညာလိုက်ပြီး နိုင်ငံတကာမှာ Nord Buds အမည်နဲ့ မိတ်ဆက်နိုင်ပါတယ်။ Buds V မှာ Balanced, Deep Bass နဲ့ Clear & Bright စတဲ့ Sound Mode ၃ ခု ထည့်သွင်းထားပြီး အသံအရည်အသွေး ကောင်းမွန်စေတဲ့ Dolby Panoramic Sound Effect ပါပါတယ်။ 94ms Latency ပါတဲ့ Bluetooth 5.3 ဆက်သွယ်မှု ထည့်သွင်းထားပါတယ်။

OnePlus Buds V launch in China, could be Nord Buds 3 internationally

တစ်ခါအားသွင်းထားရင် ဘက်ထရီ သက်တမ်းက ၈ နာရီခံပြီး Case နဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ၃၈ နာရီ သုံးနိုင်ပါတယ်။ ၁ နာရီ အားသွင်းရင် ၅ နာရီ အသုံးပြုလို့ရပြီး နားကြပ် ၁ ဖက်စီဟာ ၄.၃ ဂရမ် အလေးချိန်ရှိပါတယ်။ IP55 ရေစိုခံစံနှုန်း ပါလာပြီး Sandstone Whtie , Interstellar Blue နဲ့ Shadow Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

OnePlus Buds V launch in China, could be Nord Buds 3 internationally

နားကြပ် ၁ ဖက်စီမှာ Touch Control တွေ ပါလာပြီး သီချင်းဖွင့်တာ၊ ဖုန်းပြောတာနဲ့ သီချင်းပြောင်းတာတွေကို ပြုလုပ်နိုင်ပါတယ်။ အသံ ထိန်းချုပ်တာကို Default အနေနဲ့ ပြုလုပ်လို့ မရဘဲ HeyMelody App ကနေ ထည့်သွင်းနိုင်ပါတယ်။

OnePlus Buds V ကို ၁၄၉ ယွမ် (၂၀ ဒေါ်လာ) သတ်မှတ်ထားပြီး OnePlus Ace 3V စမတ်ဖုန်းနဲ့ တွဲဝယ်ရင် ၁၃၉ ယွမ် (၁၉ ဒေါ်လာ)ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ OnePlus က အဲဒီ နားကြပ်ကို နိုင်ငံတကာမှာ OnePlus Nord Buds CE နဲ့ Nord Buds 2r ရဲ့ မျိုးဆက်သစ် အနေနဲ့ ကြေညာနိုင်ပါတယ်။

Ref : gsmarena