OnePlus ကနေ လာမယ့် ဧပြီလ ၁၄ ရက်နေ့မှာ OnePlus 8 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ မိတ်ဆက်ဖို့ အချိန်အနည်းငယ်လိုသေးတယ်ဆိုပေမယ့် အခုအချိန်မှာတော့ OnePlus 8 ဖုန်းတွေနဲ့အတူ မိတ်ဆက်ဖို့ရှိနေတဲ့ Accessory အသစ်တွေရဲ့ သတင်းတွေထွက်ပေါ်လာပါပြီ။

ဒါကတော့ OnePlus ကနေ ယခင်တုန်းက သတင်းတွေထွက်ပေါ်ခဲ့ဖူးတဲ့ OnePlus Wireless Earbuds အသစ်ကိုပါ မိတ်ဆက်မှာဖြစ်သလို နာမည်ကိုလည်း Bullet Z TWS ဆိုပြီး နာမည်ပေးထားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုမျိုး Design ဖြစ်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

နောက်ထပ်သတင်းအနေနဲ့ကတော့ OnePlus 8 ဖုန်းတွေအတွက် 30W Wireless Charger ကိုပါ မိတ်ဆက်သွားမယ်လို့ သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။ OnePlus ကနေ ယခင်တုန်းက Wireless Charging စနစ်ဟာ အားသွင်းနှုန်းနှေးကွေးတဲ့အတွက် သူ့ရဲ့စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးခြင်းမရှိတာလို့ ပြောကြားခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ 30W Wireless Charging ကို Support လုပ်လာတော့မယ်ဆိုတာသေချာသွားပါပြီ။

ဘာပဲဖြစ်ဖြစ် OnePlus 8 Series ဖုန်းတွေဟာ စိတ်ဝင်စားဖို့ကောင်းနေပြီးတော့ Qualcomm Snapdragon 865 Processor ၊ UFS 3.0 Storage နဲ့ LPDDR5 RAM တွေပါဝင်လာမယ့်အပြင် QHD+ 120Hz Display ကိုပါထည့်သွင်းလာမယ်လို့ အတည်ပြုထားပြီးဖြစ်ပါတယ်။

Ref – Gizmo China