နောက်ဆုံးထုတ် OxygenOS မှာ OnePlus Game Space App ကို ထည့်သွင်းပေးထားပြီး အခုတော့ အဲဒီ App ကို Play Store မှာ တင်ပေးလိုက်ပါပြီ။ အဲဒီ App ဟာ ဂိမ်းကစားဖို့အတွက် အထူး ဖန်တီးထားတာ ဖြစ်ပြီး OnePlus စမတ်ဖုန်းတွေမှာ ကြိုတင်ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Game Space App မှာ သင့် စမတ်ဖုန်းထဲမှာ ရှိတဲ့ ဂိမ်းအားလုံးကို ပြသထားပြီး Notifications တွေကို Block လုပ်ပေးထားပါတယ်။ Fnatic Mode လို Optimizations တွေကို မြန်မြန် သုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ နောက်ဆုံးထုတ် ဗားရှင်းမှာ တော်တော် အသုံးဝင်တဲ့ လုပ်ဆောင်ချက် ၂ ခုကို ထည့်သွင်းပေးထားပါတယ်။

ပထမ ၁ ခုက Instant Games     ဖြစ်ပြီး အင်စတော လုပ်စရာ မလိုဘဲ ဂိမ်းတွေကို စမ်းသပ် ကစားနိုင်ပါတယ်။ ကြိုက်မှ အင်စတောလုပ်နိုင်တဲ့အတွက် တော်တော် မိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို Google ရဲ့ Play Games App ကနေလည်း အသုံးပြုနိုင်ပါတယ်။

နောက်ထပ် လုပ်ဆောင်ချက် ၁ ခုက Game Statistics ဖြစ်ပြီး သင် အများဆုံး ကစားတဲ့ ဂိမ်းတွေကို ဖော်ပြပေးပါတယ်။ ဂိမ်း ၁ ခုချင်းစီရဲ့ ဘက်ထရီ စားသုံးတဲ့ ပမာဏကို ၁ နေ့ချင်းစီ ပြသပေးနိုင်သလို ပြီးခဲ့တဲ့ ၁ ပတ်အတွက်လည်း ကြည့်လို့ရပါတယ်။ Game Space App ကို OnePlus ဖုန်းတွေမှာပဲ အသုံးပြုနိုင်ပါတယ်။

Ref : gsmarena