OnePlus 8 Pro စမတ်ဖုန်းဟာ လက်ရှိထွက်ရှိထားတဲ့ စမတ်ဖုန်းတွေရဲ့ Camera Setup တွေနဲ့မတူညီပဲ Color Filter Camera ကိုပါ ပုံမှန် Primary ၊ Ultrawide နဲ့ Telephoto Sensor တွေအပြင် ထည့်သွင်းထားတာဖြစ်ပါတယ်။ အဆိုပါ Color Filter Camera ဟာ ပုံမှန်နဲ့မတူညီတဲ့ Color တွေကို Camera ထဲမှာပဲ Filter ပုံစံနဲ့အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ OnePlus 8 Pro ရဲ့ Color Filter Camera မှာပါဝင်တဲ့ Photochrome Mode ဟာ ပါးလွှာတဲ့ ပလတ်စတစ်အပါအဝင် တစ်ချို့သောပစ္စည်းတွေကို ဖောက်ထွင်းမြင်နိုင်တဲ့အတွက် ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက လုံခြုံရေးနဲ့ပတ်သတ်ပြီး စိတ်ချရနိုင်ပါ့မလားဆိုတဲ့ ဝေဖန်မှုတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအတွက် OnePlus ကနေ တရုတ်နိုင်ငံတွင်းမှာ ရောင်းချနေတဲ့ OnePlus 8 Pro ဖုန်းတွေကို အဆိုပါ Photochrome Mode ကို ပိတ်ထားခဲ့ပြီးတော့ နိုင်ငံတကာစျေးကွက်အတွက်တော့ မပိတ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ တကမ္ဘာလုံးမှာရှိတဲ့ OnePlus 8 Pro ဖုန်းတွေအတွက်ပါ အဆိုပါ Photochrome Mode ကို Disable ပြုလုပ်တဲ့ Software Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Update ဟာ OxygenOS 10.5.7.IN11AA ဖြစ်တယ်လို့ သိရပြီး ယခု Photochrome Mode ကို ပိတ်သိမ်းဖို့အတွက် သီးသန့်ထုတ်ပေးခဲ့တာာဖြစ်ပါတယ်။ OnePlus ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Mode ကို Adjustment ပြုလုပ်ဖို့အတွက် ယာယီပိတ်သိမ်းထားတာဖြစ်ပြီး လာမယ့်ဇွန်လဝန်းကျင်မှာ ပြန်လည် Enable ပြုလုပ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus ကနေ အဆိုပါ Photochrome Mode ကိုပြန်လည်ပြင်ဆင်ပြီး Enable ပြုလုပ်ပေးမယ်ဆိုရင်လည်း အခုလိုမျိုး အရာဝတ္ထုတွေကို ဖောက်ထွင်းမြင်နိုင်စွမ်းတော့မရှိလောက်တော့ပါဘူး။

Ref – GSM Arena