OnePlus ရဲ့ OxygenOS ဟာ Stock Android နဲ့ဆင်တူပြီးတော့ သုံးရတာသွက်လက်တဲ့အတွက် လူကြိုက်များနေတဲ့ Software UI တစ်ခုဖြစ်ပါတယ်။ ပုံမှန် OnePlus ဖုန်းအသုံးပြုသူတွေအနေနဲ့ OxygenOS ကို Stable Version ပဲ အသုံးပြုနိုင်တာဖြစ်ပေမယ့် တကယ်လို့ Update တွေကို စောပြီးရရှိချင်တယ်ဆိုရင် Beta Program တွေကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

OnePlus ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲက OxygenOS Beta တွေကို Closed Beta နဲ့ Open Beta ဆိုပြီး ၂ မျိုးခွဲထားသလို တစ်လကို Closed Beta ၄ ကြိမ်နဲ့ Open Beta ၂ ကြိမ်ခန့် ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Feature အသစ်တွေကို Closed Beta အသုံးပြုသူတွေက အစောဆုံးရရှိပြီးတော့ Open Beta အသုံးပြုသူတွေကတေ့ာ Feature အသစ်ကို အစောဆုံးအသုံးပြုရတာမျိုးမဟုတ်ပေမယ့်လည်း Closed Beta Version ထက်တော့ ပိုပြီး Stable ဖြစ်တဲ့ OS ကို အသုံးပြုနိုင်မှာပါ။

ဒါပေမယ့် OxygenOS Developer Manu J. ကနေ အခုအချိန်မှာ OxygenOS Beta Update ကို ထုတ်ပေးနေတဲ့အချိန်ကို ပြောင်းလဲတော့မှာဖြစ်မယ်လို့ သိရပါတယ်။ ဒါကတော့ လက်ရှိ Update ထုတ်ပေးနေတဲ့အချိန်ကို ထပ်ဝက်လျော့ချလိုက်တာဖြစ်ပြီး အခုကစတင်ပြီး တစ်လကို Closed Beta ၂ ကြိမ်နဲ့ Open Beta ၁ ကြိမ်ပဲရရှိတော့မှာဖြစ်ပါတယ်။

ယခုလိုမျိုး OxygenOS Beta Update တွေကို အချိန်ပြောင်းလဲလိုက်တာက လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့်မဟုတ်ပေမယ့် Beta Version ကို ပုံမှန် Stable Version သုံးနေတဲ့လူအများအပြားကပြောင်းလဲပြီး အသုံးပြုလာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အထူးသဖြင့် Open Beta လိုမျိုး Software တွေကို အသုံးပြုနေပေမယ့်လည်း ပုံမှန် Stable OS နီးပါး Error နည်းပါးအောင် အဓိကထားသွားမှာကြောင့်ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

Ref – Android Authority