ပြီးခဲ့တဲ့ရက်က TUV Rheinland မှာ OnePlus ရဲ့ Charger ဟာ certified ရသွားတာကို တွေ့လိုက်ကြရပါတယ်။ Listing အရဆိုရင်တော့ OnePlus ရဲ့ Charger ဟာ 2 Amps မှာ 9 Volts ဖြစ်တဲ့အတွက် 18 W နဲ့ ညီမျှနေတာကို တွေ့ရပါတယ်။ ဒါကြောင့် OnePlus အနေနဲ့ 18W Charger အတွက်လုပ်ကိုင်နေတယ်ဆိုတာ သံသယဖြစ်စရာ မရှိတော့ပါဘူး။


ပုံမှန်အားဖြင့် QuickCharge နဲ့ USB Power Delivery charger တွေပဲ တွေ့ရလေ့ရှိပေမယ့် အခုလို OnePlus အမှတ်တံဆိပ်နဲ့ တွေ့ရတာကတော့ အနည်းငယ် ထူးဆန်းတယ်လို့ ဆိုနိုင်ပါတယ်။ အခုထိတွေ့ထားတာကတော့ အမြန်အားသွင်းစနစ်နှစ်မျိုးဖြစ်ပြီး တစ်မျိုးက 20 Watts (5V, 4A) နဲ့ နောက်တစ်မျိုးက 30W (5V, 6A) ပဲ ဖြစ်ပါတယ်။

အားသွင်းစနစ်တွေမှာ Voltage ကို နိမ့်အောင်ထားတာဟာ အပူချိန်ကိုလျှော့ချဖို့ နည်းပညာပိုင်းဆိုင်ရာ အဓိကလုပ်ဆောင်ချက်ဖြစ်ပါတယ်။ အခုမြင်တွေ့ရတဲ့ Charger အသစ်ကတော့ Warp/Dash မိသားစု အစိတ်အပိုင်း မဟုတ်ပါဘူး။ OnePlus ကတော့ Nord ပြီးတဲ့နောက် ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ပေးဖို့ စီစဉ်ထားတယ်လို့ အရိပ်အမြွက်ပြောပါတယ်။


တရားဝင်မဟုတ်ပေမယ့်လည်း မြောက်အမေရိကဈေးကွက်အတွက် Snapdragon 690 သုံးတဲ့ Nord မော်ဒယ် ထွက်လာမယ်လို့ ဆိုနေကြပါတယ်။ Chipset ပိုင်း အဆင့်နှိမ့်ထားတဲ့အပြင် ဒီဟန်းဆက်ဟာ OnePlus ရဲ့ ပထမဆုံး Warp Charge (ဒါမှမဟုတ် Dash) မသုံးတဲ့ ဟန်းဆက် ဖြစ်လာနိုင်ပါတယ်။ 690 Chip ဟာ 5G ကို ထောက်ပံ့ပေးပေမယ့် ဈေးနှုန်းကတော့ ပိုပြီးနည်းပါးအောင် ကူညီပေးနိုင်ပါတယ်။

Ref: GSM Arena