OnePlus ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက OnePlus Nord နဲ့အတူ ဘတ်ဂျက်စမတ်ဖုန်း ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်ကလည်း Nord N10 5G နဲ့ N100 တို့ကို ထုတ်လုပ်ပြီး Nord lineup ကို တိုးချဲ့ခဲ့ပါသေးတယ်။

Android Central ရဲ့ ဖော်ပြချက်အရ OnePlus ဟာ လာမယ့် ၂၀၂၁ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွင်းမှာ နောက်ထပ် ဘတ်ဂျက်ဖုန်းသစ်ဖြစ်တဲ့ OnePlus Nord SE ကို မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် Android Central ဟာ အတွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး Nord SE ရဲ့ အချက်အလက်အချို့ကို ဖော်ထုတ်သွားပါသေးတယ်။

OnePlus Nord SE ဟာ အခြား Nord device တွေလိုပဲ ဈေးနှုန်းသက်သာတဲ့ ဘတ်ဂျက်စမတ်ဖုန်း ဖြစ်လာမယ်လို့ သိရပါတယ်။ “Ebba” လို့ ကုဒ်နာမည်ပေးထားတဲ့ ဒီဟန်းဆက်ကို 65W Warp Charging နဲ့ 4,500mAh ဘက်ထရီကို ထောက်ပံ့ထားတာကြောင့် ၀ ကနေ ၁၀၀% အထိအားသွင်းချိန်က မိနစ် ၄၀ အောက်ပဲ ရှိမှာဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ AMOLED panel ကို အသုံးပြုထားတယ်လို့လည်း သိရပါတယ်။

ကံမကောင်းစွာနဲ့ပဲ Nord SE မှာအသုံးပြုမယ့် Processor အပါအဝင်၊ ကင်မရာနဲ့ အခြားအစိတ်အပိုင်းတွေအကြောင်းကို မသိနိုင်သေးဘူး ဖြစ်နေပါတယ်။ Nord SE ကို အိန္ဒိယဈေးကွက်မှာ ရရှိနိုင်မှာဖြစ်ပေမယ့် အမေရိကန်ဈေးကွက်ကိုတော့ ပို့ဆောင်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် OnePlus Nord SE နဲ့ပတ်သက်ပြီး ခိုင်လုံတဲ့အချက်အလက်တွေ ထွက်ပေါ်လာဖို့ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတ်ယ။

Ref: Gizmochina